ဖီအိုရင်တီးနားကွင်းလယ်လူ ဗယ်လီရိုကို အင်တာမီလန်အသင်းခေါ်ယူ

ဖီအိုရင်တီးနားကွင်းလယ်လူ ဗယ်လီရိုကို အင်တာမီလန်အသင်းခေါ်ယူ

ဇူလိုင် ၁၁၊ အီတလီ ။            ။ အင်တာမီလန်အသင်းသည် ဖီအိုရင်တီးနားအသင်းမှ စပိန်ကွင်းလယ်ကစားသမား ဘော်ဂျာဗယ်လီရိုကို ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဗယ်လီရိုကို အင်တာသို့မပြောင်းရန် ဖီအိုရင်တီးနားပရိသတ်များက ၎င်း၏အိမ်ရှေ့တွင် တောင်းဆိုခဲ့ကြသော်လည်း အသင်းပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

ဗယ်လီရိုအသင်းသို့ရောက်လာသည့် ပုံများကို အင်တာမီလန်အသင်းက လူမှုဝက်ဆိုက်စာမျက်နှာများပေါ်တွင် တင်ခဲ့ပြီး အပြောင်းအရွှေ့ကို အတည်ပြုခဲ့သည်။

ထို့နောက်တွင် ဖီအိုရင်တီးနားအသင်းကလည်း ဗယ်လီရို၏ပုံကို တင်ကာ ပြောင်းရွှေ့ကြေးပေါင် ၇ သန်းဖြင့် အင်တာသို့ပြောင်းရွှေ့သွားပြီဟုအတည်ပြုကာ နှုတ်ဆက်စကားဆိုခဲ့သည်။

'အသင်းနဲ့အတူ ငါးနှစ်တာအကောင်းဆုံးဖြတ်သန်းခဲ့တဲ့ ဘော်ဂျာကို ဖီအိုရင်တီးနားအသင်းက ကျေးဇူးတင်ပါတယ်။ စပိန်ကွင်းလယ်ကစားသမားကြီး ကံကောင်းပါစေ' ဟု ဖီအိုရင်တီးနားအသင်းက ရေးသားခဲ့သည်။

ဗယ်လီရိုသည် လူငယ်ကစားသမားဘဝကို ရီးယဲလ်တွင် စတင်ခဲ့သူဖြစ်သော်လည်း မာယော့ကာအသင်းနှင့်ပရိုကစားသမားဘဝကို စခဲ့သူဖြစ်သည်။ ထို့နောက် ဝက်စ်ဘရွန်း၊ မာကော့ကာ၊ ဗီလာရီးယဲလ်၊ ဖီအိုရင်တီးနားအသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

စပိန်လက်ရွေးစင်အဖြစ် တစ်ပွဲပါဝင်ကစားခဲ့ဖူးပြီး သူ၏ကစားသမားဘဝတစ်လျှောက်တွင် ပွဲပေါင်း ၄၉၉ ပွဲ ကစားခဲ့ကာ ၄၁ ဂိုးသွင်းပြီး ၇၈ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly