သောမက်စ် လီမာကို အာစင်ဝင်းဂါး တတိယအကြိမ်ထပ်မံကမ်းလှမ်းမည်

သောမက်စ် လီမာကို အာစင်ဝင်းဂါး တတိယအကြိမ်ထပ်မံကမ်းလှမ်းမည်

ဇူလိုင် ၁၀၊ လန်ဒန်။           ။ အာစင်ဝင်းဂါးသည် သောမက်စ် လီမာကိုခေါ်ယူနိုင်ရန် တတိယအကြိမ်ထပ်မံကမ်းလှမ်းမည်ဖြစ်ပြီး ပြင်သစ်တောင်ပံ ကစားသမားကလည်း အာဆင်နယ်သို့ပြောင်းချင်နေသည်ဟု ယူဆရသည်။

ပေါင်သန်း ၃၀၊ ပေါင်သန်း ၄၀ ဖြင့် ဝင်းဂါး၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကို မိုနာကိုအသင်းကပယ်ချခဲ့သော်လည်း အာဆင်နယ် အသင်းအနေဖြင့် လက်မလျှော့သေးဘဲ ကြိုးစားနေခြင်းဖြစ်သည်။

လီမာပို ပေါင် ၄၅ သန်းနှင့်အထက်ဈေးနှုန်းဖြင့်ခေါ်ယူနိုင်ရန်ကြိုးစားနေရာ အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးကို ဒုတိယ အကြိမ်ထပ်မံချိုးဖျက်ရဖွယ်ရှိသည်။

လက်ရှိနွေရာသီတွင် ပေါင် ၅၂ သန်းဖြင့်ခေါ်ခဲ့ရသည့် လာကာဇက်တီသည် ၂၀၁၃ ခုနှစ်က အိုဇေးလ်၏ ပေါင် ၄၂ ဒသမ ၅ သန်း စံချိန်ကို ချိုးထားသည်။

လီမာသည် အာဆင်နယ်အသင်း၏ ပထမဦးစားပေးပစ်မှတ်ဖြစ်နေပြီး လက်စတာမှ မာရက်ဇ်မှာမူ အာစင်ဝင်းဂါးက အပြည့်အဝ ယုံကြည်နှစ်သက်ခြင်းမရှိ၍ ဒုတိယဦးစားပေးအဖြစ်နှင့်သာရှိနေသည်။

လီမာ၏ ကိုယ်စားလှယ်များသည် မိုနာကိုအသင်းအပြင် အာဆင်နယ်နှင့်ပါဆွေးနွေးနေကြပြီး ပြင်သစ်ကလပ်အနေဖြင့်မူ ၎င်းတို့၏ အကောင်းဆုံးကစားသမားများအားလုံးကို ရောင်းချချင်သည့် ဆန္ဒမရှိဘဲ ဖြစ်နေသည်။

မိုနာကိုအသင်းအနေဖြင့် ဘာနာဒါ ဆေးလ်ဗားကို မန်စီးတီးအသင်းသို့ရောင်းချခဲ့ရပြီး ဘာကာယိုကိုသည် ချယ်လ်ဆီးသို့ ရောက်ရန်နီးစပ်နေကာ အမ်ဘက်ပီနှင့် မန်ဒီတို့မှာလည်း လက်ရှိနွေရာသီမှာပင် အသင်းပြောင်းဖွယ်ရှိသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly