ရေဦး-ကလေးဝလမ်း ကျောက်မီးသွေးကားများ သွားလာခွင့် ပိတ်

ရေဦး-ကလေးဝလမ်း ကျောက်မီးသွေးကားများ သွားလာခွင့် ပိတ်
Photo-Kan Kaung

မုံရွာ၊ ဇူလိုင် ၉။           ။ ရေဦး-ကလေးဝလမ်း နှင့် ချင်းတွင်းတံတား (ကလေးဝ)တို့တွင် ကျောက်မီးသွေးကားများအား သွားလာခွင့်ပိတ်ပင်ကြောင်း ကလေးဝမြို့နယ် လမ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ကျောက်မီးသွေးကားများနှင့် ကုန်တင်ယာဉ်ကြီးများအား မိုးရာသီအတွင်း သွားလာခွင့်ပိတ်ပင်ခြင်းသည်  လမ်းပိုင်းအဆင့်မြှင့်တင်ရန် လိုအပ်နေသဖြင့် ယင်းသို့ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ပိတ်ပင်ခြင်းဖြစ်ပြီး ရေဦး-ကလေးဝလမ်းသည် သစ်သားတံတားများရှိနေခြင်းနှင့် ကျောက်လမ်းအဆင့် အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း ကလေးဝမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါလမ်းပိုင်းသည် ၁၉ မိုင်ကျော် ရှည်လျားပြီး လမ်းပိုင်းပေါ်ရှိ သစ်သားတံတားများ၏ ခံနိုင်ဝန်မှာ ၂၁ တန်သာဖြစ်ကြောင်း၊ ယင်းထက် တန်ပိုသော ကားများအား မိုးရာသီအတွင်းဖြတ်သန်းခွင့်မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်အား ကျောက်မီးသွေးကုမ္ပဏီများမှ အထူးလိုက်နာကြရန်ဖြစ်ပြီး မလိုက်နာပါက ကုမ္ပဏီ၏တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖြည့််စွက်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly