“ကျွန်​”ဇာတ်​ကားအား မူလခွင့်ပြုချက်တင်ခဲ့သောအမည်သို့ ပြန်ပြောင်းမည်

“ကျွန်​”ဇာတ်​ကားအား မူလခွင့်ပြုချက်တင်ခဲ့သောအမည်သို့ ပြန်ပြောင်းမည်

ပုဂံ၊ ဇူလိုင် ၉ ။              ။ “ကျွန်”ရုပ်ရှင်ဇာတ်ကားအား ဗီဒီယို ဇာတ်ကားအနေဖြင့် ပြသသည့်အခါတွင် မူလခွင့်ပြုချက်တင်ခဲ့သော အမည်သို့ ပြန်ပြောင်းမည်ဟု သိရသည်။

အဆိုပါ ဇာတ်ကားရိုက်ကူးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သို့ ခွင့်ပြုချက် လာရောက်လျှောက်ထားချိန်တွင် “အမှောင်မှာ ရွာချတဲ့မိုးတိမ်”အမည်ဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ  ၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။

"တာဝန်ယူမှု တာဝန်ခံမှုအရ ဇာတ်ကား အမည်ကို ဒေသခံများက ပြောင်းပေးဖို့ ပြောထားတဲ့အတိုင်း “ကျွန်” ဆိုတဲ့ အမည်ကနေ မူလက ရှေးဟောင်းသုတေသနဌာနမှာ တင်တဲ့ အမည်အတိုင်း “အမှောင်မှာ ရွာချတဲ့ မိုးတိမ်”လို့ ပြောင်းပေးသွားမှာပါ" ဟု မြန်မာနိုင်ငံ၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ကျွန်ရုပ်ရှင်ဇာတ်ကား နှင့်ပတ်သက်၍ ဒေသခံများ တောင်းပန်သည့်ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

အမည်ပြောင်းလဲရေးအတွက် ရိုက်ကူးသည့် ဒါရိုက်တာနှင့် ထုတ်လုပ်သည့် အောင်တိုင်းကျော်ကုမ္ပဏီ တို့နှင့် လည်း ညှိနှိုင်းထားပြီးဖြစ်သည်ဟု သိရသည်။

"ဇာတ်ကားအမည် ပြောင်းလဲရေးအပြင် ဒေသခံများ တောင်းဆိုထားတဲ့ ဇာတ်ကွက်အချို့လည်း ဖြတ်တောက်သွားမှာပါ"ဟု ဦးလူမင်းက ပြောသည်။

“ “ကျွန် ”ရုပ်ရှင်ဇာတ်ကား အနေဖြင့် ဖြစ်ရပ်မှန်မဟုတ်ဘဲ အနုပညာအဖြစ်သာ တင်ပြခဲ့ခြင်းဖြစ်ပြီး ပုဂံဒေသအတွက် နစ်နာမှုများရှိလျှင် ရုပ်ရှင်လောကသားများကိုယ်စား တောင်းပန်ပါတယ် “ဟု ဦးလူမင်းက ထပ်မံပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly