လုံခြံုဘေးကင်းမှုကို ခြိမ်းခြောက်နေသောဥပဒေအား ဆန့်ကျင်သည့်အနေဖြင့် မနီလာမော်တော်ဆိုင်ကယ် သမားများ ဆန္ဒပြသ

လုံခြံုဘေးကင်းမှုကို ခြိမ်းခြောက်နေသောဥပဒေအား ဆန့်ကျင်သည့်အနေဖြင့် မနီလာမော်တော်ဆိုင်ကယ် သမားများ ဆန္ဒပြသ

မနီလာ၊ ဇူလိုင် ၉ ။              ။ ဖိလစ်ပိုင်နိုင်ငံမှ ထောင်နှင့်ချီသော မော်တော်ဆိုင်ကယ်သမားများက သူတို့၏ အသက်အန္တရာယ်နှင့် လုံခြုံ ဘေးကင်းမှုကို ခြိမ်းခြောက်နေသော ဥပဒေများအား ဆန့်ကျင်သည့်အနေဖြင့် တနင်္ဂနွေနေ့မနက်ပိုင်းတွင် မနီလာမြို့တော်၌ အုပ်စုလိုက်ဆိုင်ကယ်စီးကာ ဆန္ဒပြခဲ့ကြသည်။

ညီညွတ်သောစီးနင်းမှုဟု အမည်ပေးထားသော အဆိုပါ အုပ်စုလိုက်ဆိုင်ကယ်စီးမှုကို မော်တော်ဆိုင်ကယ် အခွင့်အရေးများလှုပ်ရှားသည့်အဖွဲ့ MRO မှ ကြီးမှူးပြုလုပ်ခြင်းဖြစ်ပြီး မနီလာမြို့လယ်ခေါင်နှင့် အနီးအနား ပတ်ဝန်းကျင်မှ မော်တော်ဆိုင်ကယ်သမားများ လာရောက်ပူးပေါင်းမှုကြောင့် ပင်မအဝေးပြေးလမ်းမကြီးပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဆိုင်ကယ်စီးနင်းစဉ်တွင် မျက်နှာဖုံးစွပ်ခွင့်မပြုခြင်းနှင့် မျက်နှာအပြည့်ကာသော ဦးထုပ်ကိုဝတ်ဆင်ခြင်းမပြုသော ဥပဒေသည် တရားမျှတမှုမရှိသလို ဒေသတွင်းအစိုးရမှ မဆင်မခြင်ပြဌာန်းလိုက်သော ဥပဒေဖြစ်သောကြောင့် ယခုလို ဆိုင်ကယ်စုဝေးစီးနင်းကာ ဆန့်ကျင်လိုက်ခြင်းဖြစ်ကြောင်း ပါဝင်စီးနင်းခဲ့သူများက ပြောခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူများသည် လူသတ်မှုနှင့် အခြားရာဇဝတ်မှုများကို ကျူးလွန်ရာ၌ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထား နိုင်ရန် ဆိုင်ကယ်စီးဦးထုပ်များကို ဝတ်ဆင်ထားသောကြောင့် ထိုသူတို့၏ရန်ကို ကာကွယ်သည့်အနေဖြင့် လူအများတားမြစ်နေသည့်ကြားမှ အစိုးရမှ ယင်းဥပဒေကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ထိုဥပဒေသည် သူတို့၏ဘေးကင်းလုံခြုံမှုကို ထိခိုက်စေကြောင်းနှင့် သူတို့အနေဖြင့် ရဲတပ်ဖွဲ့၊ အာဏာပိုင်များခိုင်းသည့်အတိုင်း လုပ်ဆောင်ပေးလိုသော်လည်း သူတို့၏အခွင့်အရေးကိုတော့ မထိပါးစေလို ကြောင်း တနင်္ဂနွေနေ့တွင်ပြုလုပ်သည့် မော်တော်ဆိုင်ကယ်စုဝေး စီးနင်းမှုတွင် ပါဝင်ခဲ့ကြသူများက ရှင်းပြခဲ့ကြ သည်။

“ဥပေဒပြဌာန်းဖို့အတွက် ကျနော်တို့ရဲ့ဘေးကင်းလုံခြုံမှုကို စတေးလိုက်ရတာမျိုးက မဖြစ်သင့်ပါဘူး။ ကျနော်တို့ ဟာ မော်တော်ဆိုင်ကယ်သမားတွေပါ။ ကျနော်တို့ဟာ မြို့သူမြို့သားတွေပါ။ ကျနော်တို့ဟာ ရာဇဝတ်သားတွေ မဟုတ်ကြပါဘူး” ဟု MRO အဖွဲ့၏ ဥက္ကဌဖြစ်သူ ဂျိုးဘတ်ဘိုလန်နို့စ်က ပြောခဲ့သည်။

ဒါ့အပြင်သူက ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးအနေဖြင့် သူတို့၏ အခွင့်အရေးများကို ကာကွယ်ပေးရန် အတွက် ကြားဝင်ဖျန်ဖြေပေးရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly