ဂျပန်အစိုးရ ထောက်ပံ့ထားသော ကျောင်းနှစ်ကျောင်း ဖွင့်လှစ်

ဂျပန်အစိုးရ ထောက်ပံ့ထားသော ကျောင်းနှစ်ကျောင်း ဖွင့်လှစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့မှု အစီအစဉ်အရ ထောက်ပံ့ထားသော ကရင်ပြည်နယ် အတွင်းရှိ ကျောင်းနှစ်ကျောင်း ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။

လှူဒါန်းထားသည့် ကျောင်းနှစ်ကျောင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ အခြေခံပညာ မူလတန်း လွန်ကျောင်းနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် ကြာအင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတို့ ဖြစ်သည်။ 

သာမညကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းကို ဆောက်လုပ်ပေးရာတွင် စာသင်ခန်း ၁၂ ခန်းပါဝင်သော နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးခြင်းဖြစ်ကာ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့် ရေသွယ်စနစ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ ကြာအင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းကို စာသင်ခန်း ခြောက်ခန်းပါဝင်သော နှစ်ထပ်ကျောင်းဆောင်နှင့် ကျောင်းသုံ းပရိဘောဂများကို ပံ့ပိုးပေးခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစား စီမံကိန်းများ ထောက်ပံ့ပေးရေးအစီအစဉ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ၇၂၇ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly