ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးနှင့် ထိုင်းဝန်ကြီးချုပ် တို့ တွေ့ဆုံစဉ် မြန်မာအရေးဆွေးနွေး

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးနှင့် ထိုင်းဝန်ကြီးချုပ် တို့ တွေ့ဆုံစဉ် မြန်မာအရေးဆွေးနွေး
ဓာတ်ပုံ-Filippo Grandi

ဇူလိုင် ၈ ရက် ။              ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi သည် ဝန်ကြီးချုပ်သည်  ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် ဇူလိုင်လ ၈ ရက်တွင် တွေ့ဆုံပြီး   မြန်မာဒုက္ခသည်များဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် မြို့ပြရှိ ဒုက္ခသည်များနေထိုင်မှုဆိုင်ရာတိုးတက်ရေးများ၊ ဒုက္ခသည်များ လျော့နည်းရေးကိစ္စရပ်များပါ ဆွေးနွေးခဲ့ကြသည်ဟု Filippo Grandi က တွစ်တာတွင် ရေးသားထားသည်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi သည် မြန်မာနိုင်ငံသို့ ၆ ရက်တာ လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

၎င်းသည် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွားရောက်ခဲ့ပြီး  ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အမျိုးသမီးအသက်မွေးဝမ်းကြောင်းစက်ချုပ်သင်တန်းများ၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းနှင့် မွတ်စလင်ကျေးရွာများသို့ သွားရောက်ခဲ့သည်။

Mr.Filippo Grandi သည် ထိုင်းနိုင်ငံခရီးစဉ်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly