ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ မက်သယူးကို စပို့တင်းလစ္စဘွန်း နှစ်ရာသီ စာချုပ်

ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ မက်သယူးကို စပို့တင်းလစ္စဘွန်း နှစ်ရာသီ စာချုပ်
(ဓာတ်ပုံ - အီးပီအေ)

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဂျယ်ရမီ မက်သယူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နှစ်ရာသီ စာချုပ်ခဲ့ကြောင်း အသင်းက သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူဟာ ၂၀၁၄ ခုနှစ်က ဘာစီလိုနာကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။

မက်သယူးဟာ ဘာစီလိုနာအသင်းနဲ့ ဘုရင့်ဖလား (၃)ကြိမ်၊ လာလီဂါအမှတ်ပေး ချန်ပီယံ (၂)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ်၊ ဥရောပစူပါဖလား (၁) ကြိမ်နှင့် စပိန်စူပါဖလား (၁)ကြိမ်၊ စုစုပေါင်း ဖလား (၉)လုံး ဆွတ်ခူးခဲ့ပါတယ်။

မက်သယူးဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၅)ကြိမ် ရွေးချယ်ခံရပြီး အားလုံးကတော့ ခြေစမ်းပွဲတွေပဲ ဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly