ဆိုစီဒက်အသင်းမှ ဘယ်နောက်ခံလူ ယူရီ ဘာချီချီကို PSG အသင်း (၅)နှစ် စာချုပ်

ဆိုစီဒက်အသင်းမှ ဘယ်နောက်ခံလူ ယူရီ ဘာချီချီကို PSG အသင်း (၅)နှစ် စာချုပ်

ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်ဆိုစီဒက်အသင်းမှ စပိန်ဘယ်နောက်ခံလူ ယူရီ ဘာချီချီကို ခေါ်ယူစာချုပ်,ချုပ်နိုင်ခဲ့တယ်လို့ အသင်းက သောကြာနေ့က ကြေညာခဲ့ပါတယ်။

ဘာချီချီကို အသင်းမှာ ၂၀၂၂ ခုှနှစ်အထိ ရှိမယ့် (၅)နှစ် လက်မှတ်ထိုး စာချုပ်,ချုပ်ခဲ့တယ်လို့ ပီအက်စ်ဂျီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၇ နှစ်အရွယ် စပိန်ကစားသမားဟာ ပထမအသင်းဆီ ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အဓိက ကစားသမားတစ်ဦးအဖြစ် (၃၅)ပွဲ ကစား၊ (၃)ဂိုးသွင်း၊ ဖန်တီးမှု (၄)ကြိမ်ကာ ဆိုစီဒက်အသင်းဟာ လာလီဂါအမှတ်ပေးဇယား အဆင့် (၆)မှာ ရပ်တည်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာချီချီကိုအတွက် ယူရို ၁၃ သန်း အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

ဘာချီချီကိုဟာ ပီအက်စ်ဂျီအတွက် နွေရာသီမှာ ပထမဆုံး စာချုပ် လက်မှတ်ရေးထိုးတဲ့ ကစားသမားဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags