မန်​စီးတီး​နောက်​ခံလူ​ဟောင်​းကလစ်​ခ​ျီ တူရကီကလပ်​သို့ ​ပြောင်​း​ရွှေ့

မန်​စီးတီး​နောက်​ခံလူ​ဟောင်​းကလစ်​ခ​ျီ တူရကီကလပ်​သို့ ​ပြောင်​း​ရွှေ့

ဇူလိုင် ၇၊ မန်ချက်စတာ။             ။ မန်စီးတီးနောက်ခံလူဟောင်း ကလစ်ချီသည် တူရကီကလပ် အစ္စတန်ဘူလ် ဘက်ဆက်ဆီဟာအသင်းသို့ ပြောင်းရွှေ့မည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် နောက်တန်းကစားသမားကို မန်စီးတီးအသင်းက ၂၀၀၆-၀၇ ရာသီကုန်ကတည်းက စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပြုထားသည်။

ကလစ်ချီကိုစာချုပ်ခြင်းမပြုမီ သောကြာနေ့တွင်ဆေးစစ်မည်ဟု တူရကီကလပ်က လူမှုကွန်ယက်တွင် ရေးထားသည်။

ကလစ်ချီသည် ၂၀၁၁ တွင် အာဆင်နယ်မှ မန်စီးတီးသို့ပြောင်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်နှင့် လိဂ်ဖလားတစ်ကြိမ်ရထားသည်။

စာချုပ်အသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိသော်လည်း ပြင်သစ်နောက်ခံလူမှာ တစ်နှစ်လုပ်ခ ယူရို ၃ သန်းနှင့် သုံးနှစ်စာချုပ်မည်ဟု တူရကီသတင်းများကဖော်ပြထားသည်။

ကလစ်ချီအနေဖြင့်အသင်းသစ်တွင် မန်စီးတီးနှင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း အဒီဘာယောနှင့်ပြန်ဆုံရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly