မြိတ်၊ ဇူလိုင်- ၇ ။ ။ ၅၅ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ဇူလိုင် ၇ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မြိတ်မြို့မှ ၁၉၆၂ တက္ကသိုလ်ကျောင်းသားဟောင်း ၄ ဦးနဲ့ ၁၉၇၄ ကျောင်းသားဟောင်း ၁ ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့တွေ့ကြုံ ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ဗုံးခွဲခံရမှု အခြေအနေ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပြောကြားပေးခဲ့ကြပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့လည်း တက်ရောက်ခဲ့ကြပြီး မြိတ်မြို့ဒေသခံ ကဗျာဆရာများက 7 ဇူလိုင်အောက်မေ့ဖွယ် ကဗျာရွတ်ဖတ်မှုများ ပြုလုပ်ခဲ့ပါတယ်။