အလှအပက လုပ်ငန်းခွင်အတွက် အရေးပါသလား

အလှအပက လုပ်ငန်းခွင်အတွက် အရေးပါသလား

YOPE သူငယ်ချင်းတို့ မင်္ဂလာပါ။ လုပ်ငန်းခွင်မှာ လှပတဲ့သူတွေက ပိုပြီးတော့ ဦးစားပေးခံရတာ များပါတယ်။ ဒါ ဘာကြောင့်ပါလဲ။ တကယ်ပဲ လှပတဲ့သူတွေက လုပ်ငန်းခွင်မှာ ပိုပြီးတော့ အရေးပါလားဆိုတာကို ကျွန်တော်သူငယ်ချင်းတွေကို လိုက်မေးကြည့်လိုက်ပါဦးမယ်။

ထင်ပါတယ်။ ဘာဖြစ်လို့ထင်တာလဲဆိုတော့ လူအများနဲ့ ကိုယ်က ဆက်ဆံရတာလေ။ ဆက်ဆံရတယ်ဆိုတော့ အလှအပကြောင့် တချို့က ကြိုက်တာလည်း ရှိတယ်လေ။ အဲဒါကြောင့် အလှအပက အရေးကြီးတယ်လို့ ထင်တာပဲ။

 

 

 

 

အရေးကြီးတယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အလှအပနဲ့ အရည်အချင်း ရှိမှလည်း လုပ်ငန်းခွင်မှာ အဆင်ပြေမှာပါ။ အရည်အချင်းရှိပြီး အလှအပမရှိရင်လည်း လုပ်ငန်းခွင့်မှာ ဆက်ဆံတဲ့အခါ အဆင်မပြေပါဘူး။

 

 

 

အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့က ဖုန်းတွေ ရောင်းနေတဲ့အတွက် Customer ဝင်လိုက်တာနဲ့ လှလှပပလေးဆိုတော့ ဝယ်ချင်စိတ် ရှိတာပေါ့နော်။

 

 

 

အလှအပက အရေးပါမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလှအပရှိမှာ ကိုယ့်ကို ယုံကြည်မှု ရှိမှာလေ။ ယုံကြည်မှုရှိမှလည်း ကိုယ်လုပ်တဲ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်မှာ။ အလှအပက အရေးကြီးတယ်လို့တော့ ထင်တာပဲ။

 

 

 

အဓိကက လှတယ်ဆိုတာထက် သေသေသပ်သပ်နဲ့ ဝတ်စားတတ်ရင်လည်း အဆင်ပြေတာပါပဲ။ အရမ်းကြီးလှစရာတော့ မလိုပါဘူး။ ယောကျ်ားလေးဆိုတော့လေ။ အဲတော့ အရည်အချင်းဆိုတာတော့ ကြိုးစားမှုပါပဲ။

 

 

 

ကိုယ်ကကျတော့လည်း အခြား သူများတကာတွေ တချို့တွေကျတော့လည်း ပြင်ဆင်ထားတာမရှိရင် သူတို့စိတ်ထဲမှာ ဝယ်ချင်စိတ်လည်း မရှိဘူး။ အဲလိုမျိုး ကိုယ်က အမြဲတမ်း သန့်ရှင်းနေလို့လည်း နည်းနည်းပါးပါး ဝယ်ချင်တာပေါ့။

 

 

 

ကျွန်တော့်သူငယ်ချင်းတွေကတော့ အလှအပနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့အမြင်တွေကို ပြောပြသွားခဲ့ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ကလည်း သူငယ်ချင်းတို့ရဲ့ အမြင်တွေကို ပြောပြချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ YOPE Website မှာ လာပြီးတော့ Share ခဲ့ပေးပါဦး။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags