စစ်သွေးကြွတွေကို အစိမ်းလိုက်ဝါးစားပစ်မယ်လို့ ဒူတာတေး ခြိမ်းခြောက်

စစ်သွေးကြွတွေကို အစိမ်းလိုက်ဝါးစားပစ်မယ်လို့ ဒူတာတေး ခြိမ်းခြောက်

ဇူလိုင် ၆ ။             ။ နိုင်ငံတောင်ပိုင်းမှာ ဗီယက်နမ် ဓားစာခံနှစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အစ္စလမ္မစ် စစ်သွေးကြွတွေကို ဖမ်းပြီး အစိမ်းလိုက် စားသောက်ပစ်မယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ခြိမ်းခြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ယမန်နှစ် နိုဝင်ဘာက ပြန်ပေးဆွဲခံရတဲ့ ဗီယက်နမ်သင်္ဘောသားနှစ်ဦးကို အဆိုပါ စစ်သွေးကြွတွေက ဓားစာခံထိန်းသိမ်းထားပြီးမှ ယခုလို ခေါင်းဖြတ်သတ်ဖြတ်ပစ်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအပြင်ဘက်မှာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ယခုကိစ္စရဲ့ အဓိကလက်သည်တရားခံဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဘူဆေယက်ဖ် စစ်သွေးကြွတွေဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

" အဲဒီလူတွေကိုမိလို့ သူတို့ကိုယ်ထဲက အသည်းကို ထုတ်ပြီး ကျူပ် အစိမ်းစားပစ်မှာပါ၊ ကျူပ်ကို ဆားနည်းနည်းနဲ့ ရှာလကာရည်ပဲ ပေးပါ၊ ကျူပ်ခင်ဗျားတို့ ရှေ့မှာ စားပြပါမယ်" လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ယမန်နေ့က ပြည်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဗီယက်နမ် နှစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေါသထွက်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။

အသက် ၇၂ နှစ်ရှိ သမ္မတ ဒူတာတေးဟာ နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ အဘူဆေယက်ဖ် စစ်သွေးကြွတွေနဲ့ အခြားစစ်သွေးကြွအဖွဲ့တွေကို ရှင်းလင်းဖို့ ယမန်နှစ်က စစ်တပ်နဲ့ ထိုးစစ်ဆင်ခိုင်းခဲ့သူလည်း   ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly