ဖမ်းဆီးခံသတင်းထောက်များကို သီပေါပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံခွင့်မရ

ဖမ်းဆီးခံသတင်းထောက်များကို သီပေါပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံခွင့်မရ
ဓာတ်ပုံ-နန်းစမ်းစမ်းအေး

ရန်ကုန် ဇူလိုင် ၆ ။           ။ သီပေါအကျဉ်းထောင်တွင် ရောက်ရှိနေသည့် DVB နှင့် ဧရာဝတီ သတင်းထောက်များကို ၎င်းတို့ မိဘများကိုယ်စား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်   တွေ့ဆုံခွင့် တောင်းခံရာတွင် ခွင့်ပြုချက်မရရှိခဲ့ကြောင်း သိရသည်။

 “တကယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်များဟာ ထောင်ထဲမှာတောင် စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ လူထုကိုယ်စားပြုတဲ့သူဖြစ်တဲ့အတွက် တွေ့ဆုံခွင့်ရှိသင့်ပါတယ် ’’ ဟု သီပေါမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ထောင်ပိုင်ကြီး အကျဉ်းဦးစီး သီပေါမြို့သို့ လိပ်မူပြီး ၎င်းက ပေးပို့တောင်းခံ ခြင်း ဖြစ်သည်။

၎င်း၏ ထောင်ဝင်စာတွေ့ဆုံခြင်းတောင်းခံတဲ့အပေါ် တာဝန်ခံအရာရှိရုံး၊ အကျဉ်းထောင်၊ သီပေါမြို့၏ ဇူလိုင်လ ၅ ရက်နေ့ အကြောင်းပြန်စာတွင် လတ်စီဦးစီးအရာရှိ၏ လက်မှတ်ဖြင့် မိသားစုဝင်မဟုတ် ခွင့်မပြုကြောင်းနှင့် ပါဆယ်ပစ္စည်းများသာ လက်ခံပေးမည်ဖြစ်ကြောင်း ပါရှိသည်။

သီပေါအကျဉ်းထောင်တွင် မတရားအသင်းဥပဒေပုဒ်မဖြင့် ထိန်းသိမ်းလျက်ရှိသော သတင်းထောက် ၃ ဦးအား ၎င်းတို့၏ မိဘများမှာ ရပ်ဝေးမှ ဖြစ်ပြီး ကိုယ်တိုင် လာရောက်တွေ့ဆုံရန် အခက်အခဲရှိသောကြောင့် ၎င်းတို့၏ မိဘများကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက တွေ့ဆုံခွင့်ရရန် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly