အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်,ချုပ်ဆိုလိုက်တာကြောင့် ၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေးတွေ အဆုံးသတ်သွားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟောင်းဟာ မကြာသေးမီက စပိန်ကနေ ထွက်ခွာပြီး ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အခုဆို အက်သလက်တီကိုမှာ ၂၀၁၈ ခုနှစ် ဇွန်လအထိ ရှိနေတော့မှာဖြစ်ပါတယ်။
အက်သလက်တီကိုဟာ ယခုနှစ်နွေရာသီမှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပြီး နှစ်သစ်အထိ ကစားသမားသစ် မှတ်ပုံတင်ဖို့ တင်းကြပ်ထားခံရပါတယ်။
လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် အေစီမီလန်တို့ရဲ့ ကစားသမားဟောင်းဟာ ဗင့်ဆင့်ကင်ဒါရွန်ကို ပြန်လည်ကစားခဲ့တဲ့နောက်ပိုင်း ၂၈ ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆီမွန် လက်အောက်မှာတော့ ဂရစ်ဇမန်းနှင့် ဂါမီရိုတို့ရဲ့အရန်အဖြစ် ရှိနေပါတယ်။
တောရက်စ်က "ကျနော် ဒီမှာ အသင်းနဲ့အတူ နောက်ထပ် တစ်နှစ်ဆက် ရှိနေအုံးမှာဖြစ်လို့ အလွန်ကို ပျော်ရွှင်မိပါတယ်"လို့ အက်သလက်တီကိုရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ပြောသွားပါတယ်။
Ref; Sky Sports