အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးပေါင် (၅၃)သန်းဖြင့် လိုင်ယွန်မှ လာကာဇက်ကို အာဆင်နယ် ခေါ်ယူ

အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးပေါင် (၅၃)သန်းဖြင့် လိုင်ယွန်မှ လာကာဇက်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် (၅၃)သန်းနဲ့ လိုင်ယွန်အသင်းထံမှ ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လက်ကာဇက်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်,ချုပ်ဆိုသွားခဲ့ပါတယ်။

အပိုဆုကြေးအပါအဝင် အဆိုပါ ပြောင်းရွှေ့ကြေး ပေါင် (၅၃)သန်းဟာ အာဆင်နယ်အသင်းက ၂၀၁၃ ခုနှစ်က အိုဇေးလ်အတွက် ပေးချေခဲ့ရတဲ့ ပေါင် (၄၂.၄)သန်းကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

"အာဆင်နယ်အသင်းဟာ အင်္ဂလန်မှာ ဘောလုးကို အကောင်းဆုံး ကစားတဲ့ ကလပ်အသင်းဖြစ်တာကြောင့် ကျနော် တကယ်ဘဲ ဒီနေရာကို လာချင်ခဲ့ပါတယ်။"လို့ လက်ကာဇက်က ပြောပါတယ်။

အသက် ၂၆ နှစ်ရှိ ကစားသမားဟာ လာမယ့်သီတင်းပတ်အတွင်း ဆစ်ဒနီမှာ ခြေစမ်းပွဲ နှစ်ပွဲအတွက် အသင်းနဲ့အတူ ပူးပေါင်း မျှော်လင့်နေပါတယ်။

လက်ကာဇက်ဟာ ပြီးခဲ့တဲ့ရာသီ လီဂူး ၁ မှာ (၂၈)ဂိုးနဲ့ ဒုတိယ သွင်းဂိုးအများဆုံးဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇၅)ပွဲမှာ (၁၂၉)ဂိုး သွင်းယူခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly