ကော့သောင်းမြို့တွင် သေနတ်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ

ကော့သောင်းမြို့တွင် သေနတ်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ

မြိတ်၊  ဇူလိုင် ၅ ။                ။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ၌ ဆိုင်ကယ်တစ်စီးအတွင်းမှ သေနတ်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း ကော့သောင်းမြို့မရဲတပ်ဖွ့ဲကအတည်ပြုသည်။

ယနေ့နံနက်ပိုင်းတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စည်းကမ်း ပျက်ယာဉ်များကို စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့ ၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးအနီး၌ အေးသောင်းနှင့်နိုင်လင်းဆိုသူတို့စီးလာသည့် ဆိုင်ကယ် အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆိုင်ကယ်ထိုင်ခုံအောက်တွင် အဝတ်ဖြင့် ပတ်ထားသည့် ကျည် ၆ တောင့်ပါ ၃၂ ဗို့ ခြောက်လုံးပြူးတစ်လက်၊ကျည် ၆ တောင့်ထည့်ထားသည့် ဂျာမနီနိုင်ငံလုပ် ၄၅ ပစ္စတိုတစ်လက်နှင့် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ပစ္စတိုကျည်ဆံ ၆ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါလက်နက်များနှင့် ဖမ်းဆီးရမိခဲ့သည့် ဖော့သုတ်ကျေးရွာနေ အေးသောင်း(၄၂-နှစ်) နှင့် အေးမြမင်္ဂလာကျေးရွာနေ နိုင်လင်း(၃၇-နှစ်)တို့ကို ကော့သောင်းမြိ့ုရဲတပ်ဖွဲ့စခန်းတွင် ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly