ကာရာကတ်စ်ရှိ ဆန္ဒပြပွဲအတွင်း လက်နက်ကိုင်အမျိုးသားတစ်စု ဆေးရုံအတွင်းသို့ ၀င်ရောက်တိုက်ခိုက်

ကာရာကတ်စ်ရှိ ဆန္ဒပြပွဲအတွင်း လက်နက်ကိုင်အမျိုးသားတစ်စု ဆေးရုံအတွင်းသို့ ၀င်ရောက်တိုက်ခိုက်

ကာရာကတ်စ်၊ ဇူလိုင် ၅ ။                  ။ ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့၌ အင်္ဂါနေ့က အတိုက်အခံများ၏ ဆန္ဒပြပွဲအတွင်း လက်နက်ကိုင်အမျိုးသား တစ်စုသည် ဆေးရုံတစ်ခုအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူငါးဦးခန့် ဒဏ်ရာရရှိခဲ့ သည်။

အဆိုပါဖြစ်ရပ်နှင့် ပက်သက်၍ ရှေ့နေချုပ်ရုံးမှ စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။

ဆေးရုံအတွင်းရှိ ဆရာဝန်နှစ်ဦး၏အဆိုအရ သမ္မတနစ်ကိုးလပ်စ်မာဒူယိုအစိုးရကို အတိုက်အခံများက ဆန့်ကျင် သောဆန္ဒပြပွဲအတွင်းသို့ အဆိုပါဆေးရုံမှဆရာဝန်များက လိုက်ပါဆန္ဒပြစဉ်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျန်းမာရေးစင်တာအတွင်းကို လက်နက်ကိုင်အမျိုးသားတစ်စု ဝင်ရောက်လာခဲ့ပြီး ဆေးခန်းနှင့် ပြတင်းပေါက် တွေကို ဖျက်ဆီးသွားခဲ့ပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောခဲ့ပြီး ထိုလုပ်ရပ်ကို မာဒူယို၏ နောက်လိုက်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် အစိုးရရှေ့နေအဖွဲ့မှလည်း ကာရာကတ်စ်မြို့လယ်ခေါင်ရှိ ကလင်နီကိုဆေးရုံ၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပက်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

“ရရှိထားတဲ့ ပဏာမအချက်အလက်တွေအရ အင်္ဂါနေ့ နေ့လည်တစ်နာရီလောက်မှာ မော်တော်ဆိုင်ကယ်စီးနင်း လာတဲ့ လူတစ်စုဟာ ဆေးရုံအနီးမှာရှိတဲ့ လူတွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပြီး လက်နက်များဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရှိရပါတယ်” ဟု ရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ကြေညာခဲ့ပြီး တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို တွက်ချက်ရှာဖွေ သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အတိုက်အခံများဘက်မှ ဥပဒေပြဌာန်းသူများ၏ တွစ်တာပေါ်သို့တင်ခဲ့သော ဓာတ်ပုံများထဲတွင် ဆရာဝန်အများ အပြားသည် အဖြူရောင်ကုတ်အင်္ကျီများကို ဝတ်ဆင်၍ ဆန္ဒပြပွဲထဲ၌ ပါဝင်ခဲ့သည်ကိုတွေ့မြင်ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags