ရေဘေးအတွက် အမျိုးသားလွှတ်တော်က သိန်းနှစ်ရာကျော်လှူ

ရေဘေးအတွက် အမျိုးသားလွှတ်တော်က သိန်းနှစ်ရာကျော်လှူ
(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

နိုင်ငံတစ်ဝှမ်းရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်က ကျပ်သိန်းပေါင်း နှစ်ရာကျော်(၂၃၁၅၀၀၀၀) လှူဒါန်းလိုက်သည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် ဩဂုတ် ၅ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော်၏ တပ်မတော်သားအမတ် ဗိုလ်မှူးချုပ်ကျော်ဦးလွင်တို့က လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းမှုတွင် ကျပ်ငွေ သိန်းနှစ်ရာကျော်အပြင် ဆန်အိတ် ၆၈အိတ်နှင့် ခေါက်ဆွဲခြောက် ၆၈ပါကင်လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly