ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်း ဂျော့ဝီယာ၏သားကို ပီအက်စ်ဂျီအသင်း စာချုပ်ချုပ်ဆို

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်း ဂျော့ဝီယာ၏သားကို ပီအက်စ်ဂျီအသင်း စာချုပ်ချုပ်ဆို

ဇူလိုင် ၄၊ ပြင်သစ် ။         ။ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ဟောင်း ဂျော့ဝီယာ၏သား တီမိုသီဂျော့ဝီယာကို ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ်ရှိ တီမိုသီဂျော့ဝီယာသည် ၂၀၁၄ ခုနှစ်ကတည်းက ပီအက်စ်ဂျီလူငယ်အသင်းတွင် လေ့ကျင့်မှုများ ပြုလုပ်နေသူ ဖြစ်သည်။ တီမိုသီသည် ဖခင်ဖြစ်သူ ဂျော့ဝီယာ၏ခြေရာကို နင်းနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ၂၀၂၀ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့သည်။

‘ပီအက်စ်ဂျီအသင်းနဲ့ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုပြီး စွန့်စားခန်းဖွင့်ရတော့မှာဖြစ်လို့ အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဟာ ကမ္ဘာ့ထိပ်သီးအသင်းကြီးတစ်သင်းကိုရောက်ရှိနေတာပါ။ တစ်နေ့မှာ ပီအက်စ်ဂျီအသင်းကြီးမှာကစားခွင့်ရရှိဖို့ ဆက်လက်တိုးတက်အောင်ကြိုးစားသွားမှာပါ’ ဟု တီမိုသီဂျော့ဝီယာက ပြောဆိုခဲ့သည်။

တီမိုသီ၏ဖခင် လိုက်ဘေးရီးယားတိုက်စစ်မှူးကြီး ဂျော့ဝီယာသည် အေစီမီလန်အသင်းသို့ မရောက်မီ ပီအက်စ်ဂျီအသင်း၌ သုံးနှစ်ကြာ ကစားခဲ့သူ ဖြစ်သည်။

ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လိဂ်ဖလားအပါအဝင် ဆုဖလားလေးလုံးရရှိခဲ့သည်။ ထို့နောက်အေစီမီလန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

တီမိုသီမှာ ဖခင်ဖြစ်သူဂျော့ဝီယာကဲ့သို့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု ပီအက်စ်ဂျီအသင်းက မျှော်လင့်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly