ပြင်သစ်သမ္မတ မက်ခရွန်အား လုပ်ကြံမည့်လူငယ်တစ်ဦးအား ဖမ်းမိ

ပြင်သစ်သမ္မတ မက်ခရွန်အား လုပ်ကြံမည့်လူငယ်တစ်ဦးအား ဖမ်းမိ

ပါရီ၊ ဇူလိုင် ၃ ။               ။ ပြင်သစ်နိုင်ငံ၏ နိုင်ငံတော်နေ့ Bastille Day နေ့ စီတန်းချီတက်မှုတွင် သမ္မတ မက်ခရွန်အား လုပ်ကြံရန် ကြံစည်ထားသူ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၈ ရက်က ၎င်းအမျိုးသားကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးက ပြောသည်။

မိမိကိုယ်ကို အမျိုးသားရေးသမားအဖြစ် ခံယူထားသူ ၎င်းအမျိုးသားက ဇူလိုင် ၁၄ ရက် ပြင်သစ်အမျိုးသားနေ့ စီတန်းချီတက်မှုတွင် သမ္မတမက်ခရွန်ကို လုပ်ကြံရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက မွတ်စလင်များ၊ ဂျူး၊ လူမည်းနှင့် လိင်တူဆက်ဆံသူများကို တိုက်ခိုက်လိုသည်ဟု ပြောထားသည်။

လက်နက်ဝယ်ယူရေးအတွက် အွန်လိုင်းတွင် လှုပ်ရှားရာမှ ၎င်းလူငယ်အား ပါရီဆင်ခြေဖုံးရပ်တွင် ရဲက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ် ဇူလိုင် ၁၄ တွင် နိုက်မြို့၌ ဂျီဟတ်အစွန်းရောက်တစ်ဦး ထရပ်ကားဖြင့် လိုက်လံတိုက်ခိုက်မှု ကျူးလွန်၍ လူ ၈၆ ဦး သေဆုံးခဲ့သည်။

၂၀၀၂ ခုနှစ် အမျိုးသားနေ့ကလည်း သမ္မတဟောင်း Jacques Chirac အား အခမ်းအနားအချိန်တွင် ပစ်မှတ်ထားလုပ်ကြံရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly