အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကင်းမဲ့ဇုန်ဖြစ်နေရသည့် မင်းကင်းမြို့နယ်

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကင်းမဲ့ဇုန်ဖြစ်နေရသည့် မင်းကင်းမြို့နယ်

မုံရွာ၊ ဇူလိုင် ၃ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်သည် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကင်းမဲ့ဇုန်တစ်ခုဖြစ်နေကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

ဇူလိုင် ၃ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး မင်းကင်းမြို့အား ဆက်သွယ်ရေး   ကောင်းမွန်လာစေရန် မည်သို့ဆောက်ရွကိပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"မင်းကင်းဒေသခံတွေရဲ့ စိတ်မှာ ဘုန်းကံကြီးမားသူတွေသာ တယ်လီဖုန်း ကိုင်ဆောင်ခွင့်ရကြတယ်လို့ ထင်နေကြပါတယ်။ ခရီးသွားသူတွေ မင်းကင်းကို ရောက်တဲ့အခါ 'ယောယုဝ' တိုင်းပြည်ကို ရောက်နေသလိုမျိုး ပြောဆိုကြပါတယ်။" ဟု မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

တစ်နိုင်ငံလုံးတွင် GSM ဖုန်းများ အနှံ့အပြား တပ်ဆင်ပြီးသော်လည်း ၂၀၁၅ ခုနှစ် ရောက်မှသာ မင်းကင်းတွင် ဖုန်းလိုင်းတပ်ဆင်ပေးသွားကြောင်း၊ ယင်းနောက် သုံးစွဲမရဘဲ ၂၀၁၇ နောက်ပိုင်းမှသာ   ပြန်လည်သုံးစွဲရခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်းကင်းမြို့နယ်တွင် Fax Machine မရှိသဖြင့် မင်းကင်းမြို့နယ်မှ ပြည်တွင်းနေရာ အနှံ့အပြားသို့ ရောက်ရှိနေသူများနှင့် ဆက်သွယ်ရန်အခက်အခဲ ဖြစ်ပေါ်လျှက်ရှိကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်း တက်ပြသော Fax Machine စက်အား မင်းကင်းမြို့နယ်တွင် တပ်ဆင်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ လောလောဆယ်တွင် တပ်ဆင်ပေးရန်မရှိသေးကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

မင်းကင်းမြို့နယ်တွင် GSM မိုဘိုင်းစခန်း ၁၁ ခုရှိပြီး ၂၀၁၇ မေလအတွင်း (၇၁၂၈၀)ဦး အသုံးပြုခဲ့ပြီး မိုဘိုင်းအသုံးပြုခ ကျပ်သန်း (၁၃၀) နီးပါး ရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly