ဂျာမနီ၌ ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းမှုကြောင့် လူ၁၈ဦးအထိ သေဆုံးနိုင်ဖွယ်ရှိ

ဂျာမနီ၌ ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းမှုကြောင့် လူ၁၈ဦးအထိ သေဆုံးနိုင်ဖွယ်ရှိ

ဇူလိုင် ၃ ။              ။ ဂျာမနီနိုင်ငံတောင်ပိုင်းတွင် တနင်္လာနေ့၌ ခရီးသည် ၄၆ဦးကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် နောက်တွဲယာဉ်ပါသော ကုန်ကားတစ်စီးနှင့် ဝင်တိုက်မိခဲ့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၈ဦးအထိ သေဆုံးနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့မှ ပြောခဲ့သည်။

ဘတ်စ်ကားရဲ့ အပြင်ဘက်မှာ အသက်ရှင်ကျန်ရစ်တဲ့သူတွေကို တွေ့ရှိဖို့ မျှော်လင့်ချက် ခပ်ရေးရေးလေးသာ ကျန်ရှိတော့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယာဂန်စတက်ဒါက NTV ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

ရုပ်သံသတင်းများတွင် မြင်တွေ့ရသော မြင်ကွင်းများအရ ဘတ်စ်ကားသည် အောက်ခံဘောင်အထိ မီးလောင် ကျွမ်းသွားခဲ့ပုံကို တွေ့ရသည်။

“ထိတ်လန့်တကြားဖြစ်တာကြောင့် ထွက်ပြေးသွားခဲ့သူတွေရှိနိုင်ပါလိမ့်မယ်” ဟု ယာဂန်ကပြောခဲ့ပြီး ခရီးသည် ၁၈ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မသေချာတော့ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နောက်ထပ်တစ်ဦးဖြစ်သည့် အန်နီဟိုးဖာက ခရီးသည်များသည် သက်ကြီးရွယ် အိုများ ဖြစ်ကြောင်းနှင့် အချို့မှာ ဘတ်စ်ကားထဲမှ ထွက်မလာနိုင်ခဲ့ကြောင်း ပြောခဲ့သည်။

ရှာတွေ့သော ခရီးသည် ၃၀ခန့်ကို မီးလောင်ကျွမ်းနေသော ဘတ်စ်ကားထဲမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေခဲ့ကြကြောင်း ယာဂန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ခရီးသည် ၄၆ဦးနှင့် ယာဉ်မောင်း ၂ဦးကို တင်ဆောင်လာသော ဘတ်စ်ကားသည် နောက်တွဲယာဉ်ပါသော ကုန်ကားတစ်စီးကို စတမ်းဘတ်ချ်မြို့အနီးရှိ A9 လမ်းမကြီးပေါ်တွင် ဝင်တိုက်မိခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

Bild သတင်းစာ၏အဆိုအရ ယင်းဘတ်စ်ကားသည် အရှေ့ပိုင်းဒေသ လောစစ်ဇ်မှ နုရင်ဘတ်မြို့သို့ ဦးတည် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly