အင်ဒိုနီးရှားတွင် ကယ်ဆယ်ရေး ရဟတ်ယာဉ်ပျက်ကျ၍ လူရှစ်ဦး သေဆုံး

အင်ဒိုနီးရှားတွင် ကယ်ဆယ်ရေး ရဟတ်ယာဉ်ပျက်ကျ၍ လူရှစ်ဦး သေဆုံး

ဂျကာတာ၊ ဇူလိုင် ၃ ။                    ။ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတွင်း နောက်ဆုံးလေကြောင်း မတော်တဆမှုအဖြစ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်ပျက်ကျ၍ လူရှစ်ဦးသေဆုံးကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောသည်။

အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ရဟတ်ယာဉ်တွင် ကယ်ဆယ်ရေးသမား လေးဦးနှင့် ရေတပ်စစ်သား လေးဦး တင်ဆောင်လာစဉ် ဂျာဗားကျွန်း တီမန်ဂန်းအရပ်တွင်   ချောက်ကမ်းပါးတစ်ခုအတွင်း ပျက်ကျခြင်းဖြစ်သည်။

ပျက်ကျသည့် နေရာတွင် သေဆုံးရုပ်အလောင်းအားလုံး ပြန်လည်တွေ့ရှိကြောင်း အေဂျင်စီအကြီးအကဲ မိုဟာမတ်ဆိုင်ယောဂျီက အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဒိုင်အန်းပလက်တူးအရပ်က မီးတောင်ပေါက်ကွဲမှု အခြေအနေအား သွားရောက်ကြည့်ရှုသည့် လုပ်ငန်းစဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများရာ အဆိုပါအရပ်က ဆီလီရီမီတောင်မှ ချော်ရည်ပြာမှုန့်များ ကောင်းကင်သို့ မီတာ ၅၀ အထက် လွှင့်ထုတ်သည့်ဂယင်းမီးတောင်ပေါက်ကွဲမှုတွင် အနည်းငယ်ထိခိုက်သူ ငါးဦးရှိခဲ့ပြီး ယင်းအရပ်အား တာဝန်ရှိသူများက ရှင်းလင်းရေးများလုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျရခြင်းကို အေဂျင်စီနှင့်အဆူ အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံမှုကော်မတီက စုံစမ်းလျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly