ပျက်ကျY-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်တွေ့

ပျက်ကျY-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်တွေ့
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇူလိုင် ၂ ။          ။ ယနေ့ ဇူလိုင် ၂ ရက်၊ ညနေပိုင်းတွင် မြေပုံများပါဝင်သော စာရွက်စာတမ်းထုပ် ၁ ထုပ်နှင့် လေယာဉ်ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ယခင် လေယာဉ်အမြီးပိုင်းတွေ့ရှိနေရာတဝိုက်တွင် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသောနေရာများသို့ စစ်ရေယာဉ်များနှင့်ဒေသခံ ငါးဖမ်းစက်လှေများက ကြမ်းတိုက်ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့ညနေပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ဇွန်လ ၇ ရက်က ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်အမြီးပိုင်း စတင်တွေ့ရှိခဲ့ပြီး အစိတ်အပိုင်းများ၊ ရုပ်အလောင်းများ အပြင် Black Box ပါ ရှာဖွေတွေ့ရှိပြီးနောက် ယခု ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။

ပျက်ကျသွားခဲ့သော Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်း၍ လေယာဉ်အမြီးပိုင်း တွေ့ရှိသည့်နေရာ အနီးတစ်ဝိုက်၌ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly