ပြစ်ဒဏ်မစေ့မီ ခံဝန်ချက်ဖြင့် ထောင်မှပြန်လွတ်လာသည့် အစ္စရေးဝန်ကြီးချုပ်ဟောင်း အိုလ်မာ့တ်

ပြစ်ဒဏ်မစေ့မီ ခံဝန်ချက်ဖြင့် ထောင်မှပြန်လွတ်လာသည့် အစ္စရေးဝန်ကြီးချုပ်ဟောင်း အိုလ်မာ့တ်

ဇူလိုင် ၂ ။            ။ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟတ်အိုလ်မာ့တ်သည် အကျင့်ပျက်ခြစားမှုကြောင့် ထောင်သွင်းအကျဉ်းကျခံခဲ့ရ သော်လည်း ပြစ်ဒဏ်မစေ့မီတွင် ခံဝန်ချက်ဖြင့်လွှတ်ပေးရန် ဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်ချခဲ့သောကြောင့် တနင်္ဂနွေနေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပထမဦးဆုံးထောင်ချခံရသည့် အစ္စရေးဝန်ကြီးချုပ်ဟောင်းဖြစ်သူ အိုလ်မာ့တ်သည် အစ္စရေးအလယ်ပိုင်းရှိ မတ်စီရာဟူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာစဉ် သတင်းထောက်များကို စကားတစ်လုံးမှပြောကြား ခဲ့ခြင်းမရှိကြောင်း သိရသည်။

အသက် ၇၁နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၆မှ ၂၀၀၉အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလက အဂတိလိုက်စားမှုကြောင့် ထောင်ဒဏ် ၂၇လခန့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အိုလ်မာ့တ်အား ထောင်မှ စောစီးစွာလွတ်မြောက်နိုင်ရန် အကျဉ်းသားကို ခံဝန်ချက်ဖြင့်ပြစ်ဒဏ်လျှော့ပေါ့၍ လွှတ်ပေးသည့်ဘုတ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီး အစိုးရရှေ့နေများကလည်း ထိုဆုံးဖြတ်ချက်ကို သဘောတူညီခဲ့သော ကြောင့် ယခုလိုလွတ်မြောက်လာခြင်းဖြစ်သည်။

အိုလ်မာ့တ်သည် လွန်ခဲ့သော ၂၀၀၈ခုနှစ် စက်တင်ဘာလက ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး  လက်ယာဝါဒီ ဘန်ဂျမင်နီတန်ရာဟူက ကျမ်းသစ္စာကျိန်ဆို၍ သူ့နေရာကို အစားထိုးဝင်ရောက်ကာ ယနေ့အချိန်ထိ အစ္စရေး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly