အက်​သလက်​တီကိုနှင်​့ ​ဆောနီဂွက်​ဇ်​ ကိုးနှစ်​သက်တမ်းရှိ စာချုပ်သစ် ​​​​ချုပ်​ဆို

အက်​သလက်​တီကိုနှင်​့ ​ဆောနီဂွက်​ဇ်​ ကိုးနှစ်​သက်တမ်းရှိ စာချုပ်သစ် ​​​​ချုပ်​ဆို

ဇူလိုင် ၂၊ မက်ဒရစ်။           ။ အက်သလက်တီကိုမှ စပိန်ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ်သည် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုလိုက်ရာ အသင်းတွင် ဆယ်စုနှစ်တစ်ခုနီးပါးဆက်ရှိနေတော့မည်ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် အသင်းအကယ်ဒမီသို့ စတင်ရောက်ရှိလာသည့် အသက် ၂၂ အရွယ်ကစားသမားမှာ လက်ရှိတွင် လေးနှစ်စာချုပ်ရှိနေသည်။

ယင်းစာချုပ်ကို နောက်ထပ်သက်တမ်း ငါးနှစ်ထပ်ပေါင်းပြီး ကိုးနှစ်စာချုပ်အဖြစ်ပြင်ဆင်ချုပ်ဆိုခဲ့ရာ ၂၀၂၆ အထိ အက်သလက်တီကိုအသင်းတွင် ဆက်ရှိနေမည်ဖြစ်သည်။

ဆောသည် မကြာသေးမီက ပိုလန်တွင်ကျင်းပပြီးစီးသွားသည့် အသက် ၂၁ နှစ်အောက်ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ပြီး ဂျာမနီကိုရှုံးခဲ့သည့် စပိန်ယူ ၂၁ အသင်းအတွက် ငါးဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly