မန်​စီးတ​ီးဂိုးသမား​ဟောင်​း ကာဘယ်​လီရိုကို ချယ်​လ်​ဆီးအသင်​း​ခေါ်ယူ

မန်​စီးတ​ီးဂိုးသမား​ဟောင်​း ကာဘယ်​လီရိုကို ချယ်​လ်​ဆီးအသင်​း​ခေါ်ယူ

ဇူလိုင် ၂၊ လန်ဒန်။       ။ ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသည် မန်စီးတီးဂိုးသမားဟောင်း ကာဘယ်လီရိုကို ပြောင်းရွှေ့ကြေးအခမဲ့ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အာဂျင်တိုင်းဂိုးသမားသည် စာချုပ်သက်တမ်းကုန်သည့် ဇွန်လနောက်ဆုံးရက်တွင် မန်စီးတီးအသင်းထံမှ ထွက်ခွာခွင့်ရခဲ့သူဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ကာဘယ်လီရိုသည် ၂၀၁၄ တွင် မာလာဂါမှ အင်္ဂလန်သို့ရောက်လာခဲ့ပြီး ယမန်နှစ်က ဂွာဒီယိုလာ၏အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစားခွင့်ရခဲ့သည်။

''အင်္ဂလန်ရဲ့ ချန်ပီယံအသင်းအတွက် ကစားပေးခွင့်ရမှာမို့ ဝမ်းသာပါတယ်။ အသင်းဖော်တွေနဲ့ဆုံချင်နေပြီးတော့ အောင်မြင်မှုတွေပိုရအောင် ကူညီပေးချင်နေပါပြီ'' ဟု ကာဘယ်လီရိုကပြောသည်။
ချယ်လ်ဆီးအသင်းသည် ဒုတိယဦးစားပေးဂိုးသမား ဘီဂိုဗစ်ကို ဘုန်းမောက်အသင်းထံ မေလတွင်ရောင်းချထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly