ကွယ်လွန်သူ ဂျာမန်အဓိပတိဟောင်း ဟဲလ်မွတ်ခိုလ်အား ဥရောပခေါင်းဆောင်များ ရည်စူးဂုဏ်ပြု

ကွယ်လွန်သူ ဂျာမန်အဓိပတိဟောင်း ဟဲလ်မွတ်ခိုလ်အား ဥရောပခေါင်းဆောင်များ ရည်စူးဂုဏ်ပြု

ဇူလိုင် ၂ ။             ။ ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့သည် ပြီးခဲ့သောစနေနေ့က ပြင်သစ်နိုင်ငံ စတရက်စ်ဘော့ဂ်မြို့သို့လာရောက်ကာ ဂျာမနီနိုင်ငံအားပြန်လည် ပေါင်းစည်းစေခဲ့ပြီး ယနေ့မော်ဒန်ခေတ် ဥရောပတိုက်ကို မွန်းမံပေးခဲ့သည့် ကွယ်လွန်သူ ဂျာမန်အဓိပတိဟောင်း ဟဲလ်မွတ်ခိုလ် အား ရည်စူးဂုဏ်ပြုခဲ့ကြသည်။

“စစ်နှောင်းကာလက ပါရမီထူးပြီး ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီးဟာ ကျနော်တို့ကိုစွန့်ခွာသွားပါပြီ” ဟု ဥရောပကော် မရှင်အဖွဲ့မှ အကြီးအကဲဖြစ်သူ ဂျင်းကလော့ဒ်ဂျန်ကာက ပြင်သစ်၊ ဂျာမန်ဘာသာစကားနှစ်မျိုးဖြင့်  မိန့်ခွန်းပြော ကြားခဲ့သည်။

“ဟဲလ်မွတ်ခိုလ်ဟာ ဂျာမန်မျိုးချစ်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပတိုက်ကိုချစ်မြတ်နိုးသူလည်း ဖြစ်ပါ တယ်” ဟု ဟဲလ်မွတ်နှင့်အတူ တွဲဖက်အလုပ်လုပ်ခဲ့ဖူးသော ဂျန်ကာကပြောခဲ့သည်။

“ဟဲလ်မွတ်ခိုလ်ဟာ ဂျာမန်တို့ပြန်လည်ပေါင်းစည်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိသုကာတစ်ဦးဖြစ်ယုံသာ မက ဥရောပတိုက်သမိုင်းနဲ့ ပထဝီအနေအထားတွေကိုပါ ရင်ကြားစေ့သွားအောင် စွမ်းဆောင်နိုင်ခဲ့သူပါ” ဟု ဂျန်ကာက ဆက်ပြောခဲ့သည်။

ဟဲလ်မွတ်ခိုလ်သည် ဂျာမန်အဓိပတိအဖြစ် ၁၉၈၂ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ဇွန်လ ၁၆ရက်နေ့က အသက် ၈၇နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

သူ၏စွမ်းဆောင်မှုကြောင့် အနောက်နိုင်ငံများကိုထောက်ခံသော အနောက်ဂျာမနီနှင့် ဆိုဗီယက်ကိုထောက်ခံ သော အရှေ့ဂျာမနီတို့သည် ၁၉၈၉ခုနှစ် ဘာလင်တံတိုင်းကြီးပြိုကျမှု အပြီးတွင် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ ဒီမိုကရေစီအကျဆုံး၊ တည်ငြိမ်မှုအရှိဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာခဲ့သည်။

သူသည် ပြင်သစ်သမ္မတဟောင်း ဖရန်ဆွာမစ်တာရန်နှင့် ပူးပေါင်း၍ ဥရောပသမဂ္ဂ၏အင်အားနှင့် ပူးပေါင်းပါဝင် မှုအားကောင်းလာအောင် လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly