အမေရိကန်တွင် နိုက်ကလပ်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၍ လူ ၁၇ ဦး ဒဏ်ရာရ

အမေရိကန်တွင် နိုက်ကလပ်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၍ လူ ၁၇ ဦး ဒဏ်ရာရ

နယူးယောက်၊ ဇူလိုင် ၁ ။            ။ အမေရိကန်နိုင်ငံ တောင်ပိုင်း အာကန်ဆက်ပြည်နယ်ရှိ နိုက်ကလပ်တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပြီး လူ ၁၇ ဦး ဒဏ်ရာရကြောင်း ရဲက ဇူလိုင် ၁ ရက်တွင် ပြောသည်။

နံနက်စောစော နှစ်နာရီခွဲ ဝန်းကျင်တွင် လစ်တဲရော့ခ်အရပ် ပါဝါယူထရာနိုက်ကလပ်တွင် ဖြစ်ပွားသော ယင်းပစ်ခတ်မှုတွင် ကြောက်လန့်ပြေးလွှားရာမှ လူနင်းခံရ၍ ဒဏ်ရာရသူအချို့လည်း ရှိကြောင်း ဌာနေ KATV သတင်းက ဖော်ပြသည်။

"ခုပစ်ခတ်မှုဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်တယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။"ဟု လစ်တဲရော့ခ်ရဲဌာနက တွစ်တာတွင် ရေးသားသည်။

"ကလပ်တွင်း အချင်းများ ရန်ဖြစ်ရာက ဖြစ်ဟန်ရှိပါတယ်။"ဟု ၎င်းတွစ်တာပို့စ်တွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ရဲဌာနက ပစ်ခတ်မှု၌ ဒဏ်ရာရသူ ၁၇ ဦးရှိပြီး တစ်ဦးက စိုးရိမ်ရကြောင်း တွစ်တာတွင် အတည်ပြုထားသည်။

တိုက်ခိုက်မှု တရားခံ အမည်နှင့် သတင်းအချက်များအား ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly