ဆီးရီးယားက အိုင်အက်စ် အမာခံမြေ အား ကန်နောက်ခံပြု တိုက်ခိုက်ရေးသမားများ တိုက်စစ်သစ်များ ပြန်စ

ဆီးရီးယားက အိုင်အက်စ် အမာခံမြေ အား ကန်နောက်ခံပြု တိုက်ခိုက်ရေးသမားများ တိုက်စစ်သစ်များ ပြန်စ

ရာကာ၊ ဇူလိုင် ၁ ။          ။ ဆီးရီးယားတွင် အမာခံတပ်စွဲထားသည့် ရာကာမြို့တွင်းက အိုင်အက်စ်တို့အား အမေရိကန်နောက်ခံပြုသည့် တိုက်ခိုက်ရေးသမားများ၏ တိုက်စစ်သစ်များ   ပြန်လည်စတင်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

"အယ်ဆီနာအရပ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF က ဇွန် ၃၀ ရက် ညမှာ အိုင်အက်စ်တို့ကို ထိုးစစ်သစ် စတင်တာဖြစ်ပါတယ်။"ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီရက်ရှ်မန်းက ပြောသည်။

SDF အဖွဲ့အနေဖြင့် ရာကာမြို့တွင်း ပထမဆုံးဝင်ရောက်ခဲ့ပြီး သီတင်းတစ်ပတ်မပြည့်မီ အယ်ဆီနာအရပ်အား ဇွန် ၁၂ ရက်က ထိုးစစ်ဆင်ခဲ့ဖူးသည်။ သို့သော်လည်း ကားဗုံးခွဲမှုများ၊ တိုက်ခိုက်မှုများဖြင့် အိုင်အက်စ်တို့က ပြန်လည်တိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

"အိုင်အက်စ်တွေဖက်က ဒီနယ်မြေကို အသည်းအသန်ခုခံနေခဲ့တာ ဖြစ်တယ်။"ဟု အမေရိကန်နောက်ခံပြု တိုက်ခိုက်ရေးတပ်ဖွဲ့ စစ်သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။

အယ်ဆီနာအရပ်သည် ရာကာမြို့အလယ် အချက်အချာနှင့် နီးသဖြင့် SDF နှင့် အိုင်အက်စ် နှစ်ဖက်တပ်ဖွဲ့နှစ်ရပ်စလုံးအတွက် အရေးကြီးသော အရပ်ဒေသလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags