တရုတ်သမ္မတပါ အတူရှိနေသည့် ဟောင်ကောင်ခေါင်းဆောင် ကျမ်းဆိုမှုတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ ထိပ်တိုက်တွေ့

တရုတ်သမ္မတပါ အတူရှိနေသည့် ဟောင်ကောင်ခေါင်းဆောင် ကျမ်းဆိုမှုတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ ထိပ်တိုက်တွေ့

ဟောင်ကောင်၊ ဇူလိုင် ၁ ။            ။ ဟောင်ကောင်ဒေသအား ဗြိတိန်က တရုတ်လက်သို့ ပြန်လည်ပေးအပ်သည့် နှစ် ၂၀ အခမ်းအနားတွင် ဟောင်ကောင်ခေါင်းဆောင်သစ်အဖြစ် ကာရီလမ်းက ဇူလိုင် ၁ ရက်က ကျမ်းသစ္စာဆိုရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ပါ ရှိနေခဲ့သည့် ယင်းအခမ်းအနား၏ သိပ်မဝေးရာတွင် တရုတ်ကို ထောက်ခံသူများနှင့် ကန့်ကန်သူများကြား ထိပ်တိုက်တွေ့မှုဖြစ်ပွားသည်။

ဟောင်ကောင်မြို့နေ လူဦးရေ ရှစ်သန်း၏ လွတ်လပ်ခွင့်ကို တရုတ်က ပိုမိုချုပ်ကိုင်လာမည်ဟု စိတ်မကျေနပ်မှုများ ရှိနေရာတွင် တရုတ်ထောက်ခံသော ကော်မတီက ဟောင်ကောင်ခေါင်းဆောင်သစ် အဖြစ်  ရွေးချယ်သော ကာရီလမ်းသည် တရုတ်ခိုင်းဖတ်သာဖြစ်သည်ဟု ဝေဖန်မှုများ ရှိထားသည်။

ကာရီလမ်းက ၎င်း၏ ကျမ်းဆိုမှုကို တရုတ်၏ အလံတော်အောက် ပြုလုပ်သွားခြင်းဖြစ်ပြီး နောက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ဆွဲနှုတ်ဆက်သည်။

ဒီမိုကရေစီထောက်ခံသူနှင့် ပေကျင်းထောက်ခံသူများကြားက ထိပ်တိုက်တွေ့မှုတွင် ဖမ်းဆီးမှု တစ်ချို့လည်း ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းပြောရာတွင်မူ ယခင်ကထက် ပိုမိုလွတ်လပ်ခြင်းဖြင့် ဟောင်ကောင်ပြည်သူများ ပျော်ရွှင်မှု ရစေမည်ဟု ပြောဆိုခဲ့သည်။

ယခု ဟောင်ကောင် လက်လွဲရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားသို့ ရှီကျင့်ဖျင် ရောက်ရှိခြင်းသည် ၂၀၁၃ ခုနှစ် တရုတ်ခေါင်းဆောင်အဖြစ် တက်လှမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်လည်းဖြစ်သကဲ့သို့   ဟောင်ကောင်က ဒီမိုကရေစီ ဆန္ဒပြမှု သုံးနှစ်ကြာ ကာလတွင်လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly