အင်္ဂလိပ်ရေလက်ကြားတွင် ဆီတင်သင်္ဘောနှင့် ကုန်သင်္ဘော တိုက်မိ၊ ဒဏ်ရာရသူ မရှိ

အင်္ဂလိပ်ရေလက်ကြားတွင် ဆီတင်သင်္ဘောနှင့် ကုန်သင်္ဘော တိုက်မိ၊ ဒဏ်ရာရသူ မရှိ

ဇူလိုင် ၁ ။         ။ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့အကြား ပင်လယ်ပြင်မှာ ဇူလိုင်လ ၁ ရက်က ဆီတင်သင်္ဘောတစ်စင်းနဲ့ ကုန်တင်သင်္ဘောတစ်စင်း တို့ တိုက်မိခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဂွာတီမာလာကို ဦးတည်ခုတ်မောင်းလာတဲ့ ဓာတ်ဆီတန်ချိန် ၃၈,၀၀၀ တင်ဆောင်လာတဲ့ ဆီတင်သင်္ဘောနဲ့ နယ်သာလန်ကနေ နိုင်ဂျီးရီးယားကို ဦးတည်မောင်းနှင်လာတဲ့ ကုန်သင်္ဘော Huayan Endeavor တို့ တိုက်မိခဲ့တာဖြစ်ပါတယ်။

အဆိုပါ သင်္ဘောနှစ်စင်းစလုံးဟာ ဟောင်ကောင်အလံလွှင့်ထားခဲ့တယ်လို့ သိရပြီး ယင်းတိုက်မိမှုဖြစ်ပွားချိန်က တရုတ်နဲ့ အိန္ဒိယတို့က သင်္ဘောအမှုထမ်း ၅၀ နီးပါး လိုက်ပါလာခဲ့ကြတယ်လို့လည်း သိရပါတယ်။

" ခု ဖြစ်စဉ်ကြောင့် သင်္ဘောနှစ်စင်းလုံးမှာတော့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သင်္ဘောတွေကိုယ်ထည်ထဲ ရေဝင်တာမျိုး မရှိခဲ့သလို ကုန်ယိုဖိတ်မှုတွေလည်း မရှိခဲ့ပါဘူး" လို့ ဗြိတိန် ပင်လယ်ရေကြောင်းနဲ့ ကမ်းခြေစောင့်အေဂျင်စီ က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ယင်း သင်္ဘောချင်းတိုက်မိမှုဖြစ်ပွားတဲ့ နေရာကို ဗြိတိန်ကမ်းခြေစောင့် ရဟတ်ယာဉ်တစ်စင်းနဲ့အတူ သက်ဆိုင်ရာ ရေယာဉ်တွေက သွားရောက်ကအကူအညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly