လူမြင်ကွင်းမှာ အပေါ့သွားမိခဲ့တဲ့ အိန္ဒိယဝန်ကြီး လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ခံနေရ

လူမြင်ကွင်းမှာ အပေါ့သွားမိခဲ့တဲ့ အိန္ဒိယဝန်ကြီး လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ခံနေရ

ဇူလိုင် ၁ ။                 ။ လူမြင်ကွင်းမှာ အပေါ့သွားမိခဲ့တဲ့ အိန္ဒိယအစိုးရဝန်ကြီးတစ်ဦး ပြည်တွင်းလူမှုမီဒီယာတွေပေါ်မှာ လှောင်ပြောင်ကဲ့ရဲ့ခံနေရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက အများပြည်သူ တစ်ကိုယ်ရည်ကျန်းမာ သန့်ရှင်းမှု စနစ်တကျရှိရေး လမ်းညွန်မှုတွေ လုပ်နေပေမယ့်လည်း ယခုလို ဝန်ကြီးတစ်ဦးရဲ့ ရှက်ဖွယ် အပြုအမှုက ဇွန်လ ၃၀ ရက်ထုတ် ပြည်တွင်း သတင်းစာတွေရဲ့ မျက်နှာဖုံးစာမျက်နှာတွေပေါ်မှာ ပြန့်နှံ့လာခဲ့တယ်လို့ သိရပါတယ်။

  စိုက်ပျိုးရေးဝန်ကြီး ရက်ဒ်ဟာ မိုဟန် ဆင်းန် ဟာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခြံရံလျက် စာသင်ကျောင်းနံရံတစ်ခုကို အပေါ့သွားခဲ့တယ်လို့ The Times of India သတင်းစာက ဖော်ပြပါတယ်။

သတင်းစာရဲ့ ရှေ့ဖုံးမှာ ပြည်ထောင်စုဝန်ကြီး အပေါ့သွားတဲ့အကြောင်းကို ဖော်ပြခဲ့သလို တစ်ခြားသော သတင်းစာတွေကလည်း အသီးသီး ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။ ယင်း ဝန်ကြီးအ ပေ့ါသွားနေတဲ့ ဓာတ်ပုံကိုတော့ Bihar ပြည်နယ်က ၎င်းရဲ့ မဲဆန္ဒနယ်မှာ ရိုက်ကူးရယူခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းနောက်ပိုင်း ပြည်တွင်းက အင်တာနက်သုံးသူတွေကလည်း အွန်လိုင်းပေါ်ကနေတဆင့် အဆိုပါဝန်ကြီးနဲ့ ၎င်းရဲ့အာဏာရပါတီ BJP တို့ကို လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြတယ်လို့ သိရပါတယ်။

 "ဒီမှာ ကြည့်ကြဟေ့၊ အမျိုးသားစိုက်ပျိုးရေးဝန်ကြီးကိုယ်တိုင် မိုးခေါင်တဲ့ဒေသမှာ လုံခြုံရေး အစောင့်တွေထူထူထဲထဲ ချပြီး ဆည်ရေပေးရေးစီမံကိန်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ပြီ" ဆိုပြီး ဒေသတွင်း ပါတီတစ်ခုဖြစ်တဲ့ Rashtriya Janata Dal က အွန်လိုင်းကနေတဆင့် ထုတ်ဖော်ခဲ့ပါတယ်။

  ဒါပေမယ့်ခုလို ဓာတ်ပုံနဲ့တကွ ထုတ်ဖော်ဝေဖန်ခဲ့တဲ့အပေါ် အဆိုပါ စိုက်ပျိုးရေးဝန်ကြီး မိုဟန်ဆင်းန်ရဲ့ ဆွေမျိုးတွေက မီဒီယာကို ပြစ်တင်ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly