တရုတ်က ကန့်ကွက်ထားသည့်ကြားမှ ထိုင်ဝမ်ကို လက်နက်ရောင်းချမည့်အစီအစဉ် အမေရိကန်အတည်ပြု

တရုတ်က ကန့်ကွက်ထားသည့်ကြားမှ ထိုင်ဝမ်ကို လက်နက်ရောင်းချမည့်အစီအစဉ် အမေရိကန်အတည်ပြု

ဇွန် ၃၀ ။             ။ ထိုင်ဝမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးရှိ စစ်လက်နက်များ ရောင်းချမယ့်အစီအစဉ်ကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ဝါရှင်တန် အကြီးတန်းအရာရှိကြီးတစ်ဦးက ဇွန်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်တို့ရဲ့ ယင်းဆုံးဖြတ်ချက်ကြောင့်လည်း ပေကျင်းအစိုးရရဲ့ ဒေါသကို ပိုမိုတိုးပွားသွားစေနိုင်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

အမေရိကန်အရာရှိကြီးက ပြောဆိုရာမှာတော့ ယခုလို လက်နက်ရောင်းချမယ့်အစီအစဉ်ရှိနေပေမယ့် လက်ရှိအချိန်မှာ တရုတ်တို့ရဲ့ ဝမ်းချိုင်းနား မူဝါဒဟာ မပြောင်းမလဲ ရှိနေပါကြောင်း၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်း ရှိပြီး ထိုင်ဝမ်က ယင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထိုင်ဝမ်တို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရှိနေပေမယ့် ပေကျင်းအစိုးရကတော့ ယင်းကို ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရမယ့် အစိတ်အပိုင်းတစ်ခုလို့ ရှုမြင်နေလျက်ရှိပါတယ်။

အမေရိကန်အနေနဲ့ကလည်း ထိုင်ဝမ်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးနဲ့ လက်နက်ရောင်းချပေးသူနိုင်ငံအဖြစ် ရှိနေခဲ့ပါတယ်။

ယခု လက်နက်ရောင်းချမယ့်အစီအစဉ်အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ယင်းက ၎င်းတို့ရဲ့ ဝေဟင်နဲ့ ရေပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကို တိုးတက်စေမှာဖြစ်တယ်လို့လည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

ယခု လက်နက်ရောင်းချမှုမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း အမေရိကန်တို့အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly