မြောက်ကိုရီးယားပေါ်လစီနှင့်ပက်သက်၍ အမေရိကန်ခေါင်းဆောင်များကို တောင်ကိုရီးယားသမ္မတစည်းရုံး

မြောက်ကိုရီးယားပေါ်လစီနှင့်ပက်သက်၍ အမေရိကန်ခေါင်းဆောင်များကို တောင်ကိုရီးယားသမ္မတစည်းရုံး

ဝါရှင်တန်၊ ဇွန် ၃၀ ။         ။ ထရမ့်၏အစိုးရအဖွဲ့က နျူကလီးယားလက်နက်စမ်းသပ်မှုများ ပြုလုပ်နေသော ပြုံယမ်းအပေါ် ဖိအားများ တိုးမြှင့်ပေးသွားရန်စီစဉ်နေချိန်တွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်က အမေရိကန်ခေါင်းဆောင်များနှင့် ကြာသာပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနှင့် စေ့စပ်ညှိုနှိုင်းမည့် သူ၏ပေါ်လစီအပေါ် ထောက်ခံအားပေးကြရန် စည်းရုံးခဲ့သည်။

ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရပြီးနောက် တောင်ကိုရီးယား၏ သမ္မတအသစ်ဖြစ်လာသော မွန်းဂျေးအင်သည် ပထမဦးဆုံးအနေဖြင့် နိုင်ငံရပ်ခြားခရီးထွက်ခွာလာခဲ့ပြီး အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်နှင့် ညစာစားပွဲ မပြုလုပ်မီတွင် ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထရမ့်၏အစိုးရအဖွဲ့သည် တရုတ်အစိုးရအဖွဲ့ကိုပါစည်းရုံးပြီး ဒုံးကျည်စမ်းသပ်မှုများပြုလုပ်နေသော မြောက်ကိုရီးယားအစိုးရကို အဆက်အသွယ်ဖြတ်တောက်ရန် ကြိုးပမ်းနေသည်။

သို့သော်လည်း မွန်းက “၎င်းတို့ရဲ့ ဆိုးရွားတဲ့လုပ်ဆောင်ချက်တွေအတွက် မြောက်ကိုရီးယားကို ချီးမွမ်းခြင်း မပြုပဲနေရပါမယ်။ ပြီးတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားစမ်းသပ်မှုတွေ ရပ်တန့်သွား စေဖို့ မြောက်ပိုင်းသားတွေကို ဘာတွေပြန်ပေးသင့်သလဲဆိုတာကို သေချာဆွေးနွေးသင့်ပါတယ်” ဟု ပြောခဲ့ သည်။

မွန်းသည် ကြာသာပတေးနေ့တွင် အမေရိကန်အောက်လွှတ်တော်အဖွဲ့မှ ပေါလ်ရိုင်ယန်နှင့် ဒီမိုကရက်မှ နန်စီ ပယ်လိုစီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရိုင်ယန်က နှစ်နိုင်ငံကြားရှိ ခိုင်မာသောဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြုခဲ့ သော်လည်း ကိုရီးယားကျွန်းဆွယ်မှ လုံခြုံရေးကိစ္စနှင့်ပက်သက်၍ အကျဉ်းချုံးပြောကြားခဲ့သည်။

“ကျနော်တို့နှစ်နိုင်ငံလုံးအပေါ် ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပက်သက်လို့ ကျနော်တို့အားလုံး စိုးရိမ်ရတာချင်းအတူတူပါပဲ” ဟု ရိုင်ယန်က မွန်းကို ပြောခဲ့သည်။

ထိုပြောဆိုချက်နှင့် ပက်သက်၍ မွန်းက လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများနှင့် ကြုံတွေ့လာသောအချိန်တွင် ကျနော်တို့အားလုံး စည်းမျဉ်းဘောင်များကို ချိုးဖျက်ပြီး အတူတကွရပ်တည်ကာ တစ်ပေါင်းတစ်စည်းထဲဖြစ်ပြီး ညီညွတ်ရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

မွန်းသည် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်ကြသော မစ်ချ်မက်ကော်နယ်၊ ဂျွန်မက်ကိန်း၊ ဘော့ဘ် ကော်ကာတို့နှင့်လည်း တွေ့ဆုံးဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly