မြောက်ကိုရီးယားနှင့် တရားမဝင်ပက်သက်မှုများအတွက် တရုတ်ဘဏ်များကို အမေရိကန်ဘဏ္ဍာရေးဌာနမှ အရေးယူဒဏ်ခတ်

မြောက်ကိုရီးယားနှင့် တရားမဝင်ပက်သက်မှုများအတွက် တရုတ်ဘဏ်များကို အမေရိကန်ဘဏ္ဍာရေးဌာနမှ အရေးယူဒဏ်ခတ်

ဝါရှင်တန်၊ ဇွန် ၃၀  ။               ။တရုတ်ဘဏ်များသည် မြောက်ကိုရီးယားနိုင်ငံတွင် ဖျက်အားပြင်းလက်နက်ထုတ်လုပ်မှုများ အပါအဝင် တရားမဝင်သောလုပ်ငန်းများတွင် ပါဝင်ပက်သက်နေသောကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြာသာပတေးနေ့က ထိုဘဏ်များအား အရေးယူဒဏ်ခတ်ခဲ့သည်။

ဒန်ဒေါင်ဘဏ်သည် မြောက်ကိုရီးယား၏ ငွေကြေးကိစ္စများတွင် ကြားမှပေါင်းကူးဆောင်ရွက်ပေးနေပြီး ထိုဘဏ်သည် ငွေကြေးခဝါချသည့်ကိစ္စများတွင် အရေးပါသောနေရာမှ ပါဝင်ပက်သက်   နေသောကြောင့် အမေရိကန် ဘဏ္ဍာရေးစနစ်ထဲမှ ဖယ်ထုတ်တော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ စတီဗင်မြူချင်က ယခုလိုဆောင်ရွက်မှုသည် တရုတ်အစိုးရကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

“ယခုလို ဆောင်ရွက်ချက်ဟာ တရုတ်နိုင်ငံကို ဦးတည်တိုက်ခိုက်တာမဟုတ်ပါဘူး။ ဘဏ်တွေကိုပဲ အဓိက ဦးတည်တာပါ” ဟု သူက သတင်းထောက်များကို ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly