ပုပ်ရဟန်းမင်းကြီး၏ ထိပ်တန်းအကြံပေးဘုန်းတော်ကြီး ကလေးသူငယ် လိင်စော်ကားမှုဖြင့် တရားစွဲခံရ

ပုပ်ရဟန်းမင်းကြီး၏ ထိပ်တန်းအကြံပေးဘုန်းတော်ကြီး ကလေးသူငယ် လိင်စော်ကားမှုဖြင့် တရားစွဲခံရ

ဇွန် ၂၉ ။             ။ ဗာတီကန်ကျောင်းတော်မှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ဝါအရင့်ဆုံး ခရစ်ယာန်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဘုန်းတော်ကြီးဂျော့ပဲလ်ဟာ ယခုဆိုရင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာပဲ တရားစွဲဆိုခံခဲ့ရတယ်လို့ သိရပါတယ်။

ဗာတီကန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထိပ်တန်းဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဂျော့ပဲလ် ကတော့ ယခုရင်ဆိုင်နေရတဲ့ စွဲချက်တွေကို အကြောက်အကန် ငြင်းဆန်နေလျက်ရှိပါတယ်။

ဘုန်းတော်ကြီး ဂျော့ပဲလ်ကိုတော့ အဆိုပါစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ရောမမြို့မှာ သြစတြေးလျ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမေးမြန်းခဲ့ပါတယ်။

" ခုဆိုရင် ဗစ်တိုးရီးယား ရဲဌာနက ဘုန်းတော်ကြီး ဂျော့ပဲလ်ကို သမိုင်းတွင်လောက်အောင် ဆိုးရွားတဲ့ လိင်စော်ကားမှုနဲ့ တရားစွဲလိုက်ပါပြီ" လို့ သြစတြေးလျ လက်ထောက်ရဲမင်းကြီး ရှိန်း ပက်တွန်က ပြောပါတယ်။

အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီး ဂျော့ပဲလ်ကိုတော့ လာမယ့် ဇူလိုင် ၁၈ ရက်မှာ မဲလ်ဘုန်းမြို့က တရားရုံးမှာ လာရောက်ကြားနာဖို့ ဆင့်ခေါ်ခံထားရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly