စပိန်၏ ဦးစီးမှုဖြင့် ဥရောပသုံးနိုင်ငံတွင် အိုင်အက်စ်အကြမ်းဖက်ဆဲလ်များအား ဖမ်းဆီးနိုင်

စပိန်၏ ဦးစီးမှုဖြင့် ဥရောပသုံးနိုင်ငံတွင် အိုင်အက်စ်အကြမ်းဖက်ဆဲလ်များအား ဖမ်းဆီးနိုင်

မက်ဒရစ်၊ ဇွန် ၂၉ ။            ။ စပိန်နိုင်ငံ ရဲတပ်ဖွဲ့  ဦးစီးဦးဆောင်ပြု ဆောင်ရွက်သော တန်ပြန်အကြမ်းဖက်ချေမှုန်းရေး၏ တစ်စိတ်တစ်ဒေသအဖြစ် ဥရောပသုံးနိုင်ငံအတွင်း အိုင်အက်စ်အကြမ်းဖက်ဆဲလ်အဖွဲ့ဝင် သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးရမိသည်။

သံသယရှိသူ လေးဦးကို စပိန်နိုင်ငံရှိ ကမာ ္ဘ့လှည့်ခရီးသွားများ လာရောက်ရာ မယ်လော်ကာကျွန်းတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။ ငါးယောက်မြောက် အိုင်အက်စ်ဆဲလ်အား ဂျာမနီရဲများက ဖမ်းဆီးနိုင်ကာ ခြောက်ယောက်မြောက်မှာ ဆွန်နီအစ္စလာမ် တရားဟောဆရာဖြစ်ပြီး ဗြိတိန်နိုင်ငံတွင်း လုံခြုံရေးအေဂျင့်များက ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်။

“အခုဆဲလ်အဖွဲ့ဟာ နိုင်ငံတကာ ချိတ်ဆက်ကွန်ရက်တစ်ခုပါ။ အစွန်းရောက်ဝါဒကို ဖြန့်နေတာဖြစ်ပြီး အပတ်စဉ် လျှို့ဝှက်တွေ့ဆုံမှုတွေ ရှိတယ်။ ငယ်ရွယ်သူနောက်လိုက်တွေကို စည်းရုံးပြီး ပဋိပက္ခဒေသတွေဆီ စေလွှတ်နေတာလည်းဖြစ်တယ်။”ဟု စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

အယူဝါဒမှိုင်းတိုက်ခြင်း၊ လူစုဆောင်းခြင်းနှင့် စပိန် မွတ်စလင်လူငယ်များအား ဆီးရီးယားသို့ စေလွှတ်ခြင်းများကို ပြသသည့် ဗီဒီယို အွန်လိုင်းပေါ်တွင် တွေ့ရှိခဲ့ရသည့် ၂၀၁၅ ခုနှစ်မှစပြီး အဆိုပါ ဆဲလ်အဖွဲ့အား ထောက်လှမ်းနေခဲ့ခြင်းဖြစ်သည်။

ယခုထောက်လှမ်းရေးစစ်ဆင်မှုကို စပိန် ထောက်လှမ်းရေးအေဂျင်စီ၊ ဂျာမနီ ဗဟိုနှင့် ပြည်နယ်ရဲတပ်ဖွဲ့၊ လန်ဒန်မြို့ရဲတပ်ဖွဲ့၊ ဘာမင်ဂမ်ရှိ အနောက်အလယ်ပိုင်းအကြမ်းဖက် တန်ပြန်ယူနစ်နှင့် ယူရိုရဲတပ်ဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags