မိုနာကိုအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂျာမိန်းကို (၄)နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း မာဆေးအသင်းက တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။
မိုနာကိုအသင်းအတွက် လိဂ်ပွဲပေါင်း (၂၀၀) ကစား၊ (၄၉)ဂိုးသွင်းယူခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ မာဆေးအသင်းရဲ့ ပထမဆုံး နွေရာသီအပြောင်းအရွှေ့ဖြစ်လာပါတယ်။
ဂျာမိန်းဟာ သူ့ရဲ့ကစားသမားသက်တမ်းတစ်လျှောက် မိုနာကိုအသင်းမှာ ကုန်ဆုံးခဲ့ပေမယ့် ၂၀၁၅-၁၆ က နိုက်အသင်းဆီ အဌားသွားရောက် ကစားခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီ လီဂူး (၁)မှာ (၁၀)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ခဲ့ပါတယ်။
©EFE_EPA