မက်ဒရစ်၊ ဇွန် ၂၆ ။ ။ စပိန်နိုင်ငံတွင် လောင်ကျွမ်းနေသော တောမီးသည် ကုလသမဂ္ဂ၏ ယဉ်ကျေးမှုအေဂျင်စီ သတ်မှတ်ထားသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အမျိုးသားဥယျာဉ်နားထိ လောင်ကျွမ်းနေရာ မီးသတ်သမား ၃၀၀ ကျော်ထက်မနည်းက မနည်းငြိမ်းသတ်နေရသည်။
ပြီးခဲသည့် ဇွန် ၂၄ ရက်နှောင်းပိုင်းတွင် စတင်လောင်ကျွမ်းသည့် တောမီးသည် နိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေရှိ အန်ဒါလူရှားဒိုနာနာ အမျိုးသားဥယျာဉ် အနီးထိ ရောက်ရှိလာရာ မီးကို ထိန်းချုပ်နိုင်ရေး မီးသတ်တပ်ဖွဲ့က ကြိုးစားလျက်ရှိစဉ် လူပေါင်း ၂၀၀၀ ကျော်ထက်မနည်းကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားသည်။
“မီးကို မနိုင်ဘူး မရှိရဘူး။ မီးကို ထိန်းချုပ်နိုင်ရေး ကျွန်တော်တို့ အခု ကြိုးစားနေတယ်။”ဟု မီးသတ်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဂျူအန်ဆန်ချိက ပြောသည်။
မီးသတ်ယာဉ် ၁၅ စီးနှင့် လေယာဉ် ၂၀ ခန့်ဖြင့် မီးငြိမ်းသတ်ရေး ဆောင်ရွက်နေရာတွင် ပညာရှင်နှင့် မီးသတ်သမား ရာပေါင်းများစွာ ရှိနေသည်။
အထူးအရေးပေါ် စစ်ယူနစ်အဖွဲ့ကိုလည်း ဖြန့်ကြက်ထားသည်။
အန်ဒါလူရှားဒေသ အကြီးအကဲ ဆူဆာနာဒီဇက်က မီးလောင်ရသည့် အကြောင်းရင်းကို သိရှိရန် စောလွန်းသေးကြောင်း၊ လူကြောင့်ဖြစ်သော မီးလားဆိုသည်ကို ပြောဖို့ စောသေးကြောင်း ဆိုသည်။
ဒိုနာနာအမျိုးသားဥယျာဉ်သည် စိမ့်မြေတောများ၊ စမ်းချောင်းများနှင့် သဲသောင်ခုံများ ရှိပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ရာပေါင်းများစွာ ကျင်လည်ကျက်စားရာ ဥယျာဉ်ဖြစ်သည်။