ဖားကန့် ကျောက်မျက်လုပ်ငန်းအချို့ တူးဖော်မှုများပြန်လည် စတင်

ဖားကန့် ကျောက်မျက်လုပ်ငန်းအချို့ တူးဖော်မှုများပြန်လည် စတင်

ရန်ကုန်၊ သြဂုတ် ၄ ။       ။ ပြီးခဲ့သည့်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ အချို့နေရာ များတွင် ရေကြီးပြီး လူနေအိမ်များ ပျက်စီးသည်အထိ ဖြစ်ပွားခဲ့ရကာ လက်ရှိအချိန်တွင်မူ ရာသီဥတု ပြန်လည် ကောင်းမွန်လာ၍ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းအချို့ တူးဖော်မှုများ ပုံမှန်အတိုင်း ပြန်လည် စတင်လည် ပတ်နေပြီဟု ဒေသခံများက ပြောသည်။

ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက `ကျွန်တော်တို့ကတော့ မိုးလေးစဲလိုက်ထွက်ရှာ လိုက်ပေါ့။ ကျောက်တွင်းတွေကတော့ အကွက်သစ်တူးတဲ့လုပ်ငန် းပြန်မစသေးဘူး။ ကျန်တဲ့ လုပ်ငန်းတွေတော့ပြန်စနေပြီ။ ရေလည်းကျနေပြီဆိုတော့ ခုပုံမှန်ပြန်ဖြစ်နေပြီ´ဟု ဆိုသည်။

ပြီးခဲ့သည့် လအတွင်းက တောင်ကျချောင်းရေကြောင့် ဖားကန့်ဒေသတွင် ရေကြီးမှု ဖြစ်ပေါ်ပြီး ကျောက်မျက်တူး ဖော်ခြင်းများမလုပ်ကိုင်နိုင်ဘဲ ရေမဆေးကျောက် ရှာသူများလည်း ရပ်နားခဲ့ ရကြောင်းဒေသခံများက ဆိုသည်။

ဒေသခံ တစ်ဦးဖြစ်သူ ဦးလဆိုင်းက `အရင်လကုန်ခါနီးလောက်က တော်တော်ဆိုးတယ်။ မြေနိမ့်ပိုင်းတွေ ရေဝင်တယ်။ တောင်ကျချောင်းရေတွေကျလို့ နမ့်ပေရွာနဲ့ ဆိပ်မူရွာဟောင်းမှာ  အိမ်တွေရေထဲ မျောကုန် တယ်´ဟု ဆိုသည်။
ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဖားကန့်မြို့ ပေါ်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရ သည်အထိ အခြေ အနေ ဆိုးဝါးခြင်းမရှိဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့်က အတည်ပြုပြောကြားသည်။

၎င်းက `ဇူလိုင် ၄ ရက်လောက်က တကြိမ်၊ ၂၂ရက်လောက်က တစ်ကြိမ်ဖြစ်တာ ခုသုံးပတ်လောက်ရှိပြီ။ မိုးကသိပ်မရွာဘူး။ ကျောက်မျက်လုပ်ကွက်တွေကတော့ ပုံမှန်တော့ ပြန်စနေပြီ။ အကွက်သစ်တော့ မတူးကြသေးဘူး´ဟုဆိုသည်။

ဖားကန့်ဒေသရှိ ကျောက်မျက်လုပ်ကွက်များအနေဖြင့် ပုံမှန်အားဖြင့် စက်တင်ဘာလခန့်တွင် တူးဖော်ရေး လုပ်ငန်းများကို ပြန်လည်စတင်လေ့ရှိပြီး လက်ရှိ အချိန်တွင် ယခင်တူးဖော်ရရှိ ထားသောကျောက် များ ကို ကြိတ်ခွဲခြင်း လုပ်ငန်းများပြန်လည်စတင်နေပြီ ဟုလည်းလုပ်ငန်းရှင်အချို့ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly