မြန်မာ့အင်တာနက်နဲ့ ပြောင်းလဲလာတဲ့ လူမှုဘဝ

မြန်မာ့အင်တာနက်နဲ့ ပြောင်းလဲလာတဲ့ လူမှုဘဝ

၂၀၀၀ ခုနှစ် အလွန်နှစ်များတွင်း မြန်မာ့မြို့ပြနေ လူငယ်တို့ထံ အင်တာနက် ဟူသည့် ဝေါဟာရ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက်ဆိုတဲ့ စကားလုံးဟာ မြို့ပြနေ ငွေကြေးတတ်နိုင်သူ တစ်ချို့သာ ဒီစကားလုံးရဲ့ အနှစ်သာရကို သိနိုင်ခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အင်တာနက် သုံးနိုင်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေလို့ ပြောရင်ရနိုင်ပါတယ်။ အဲ့ဒီ နှစ်များတွေကတော့ သတင်းရှာ ဖတ်တာလောက်ကိုပဲ အင်တာနက်ဆိုင်မှာ တစ်နာရီကို ငွေ ၁၀၀၀ အကုန်အကျခံပြီး အင်တာနက် သုံးတတ်တယ်၊ သုံးနိုင်တယ်ဆိုတဲ့ ဂုဏ်ကို လဲခဲ့ကြရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။

ဒါ့အပြင် ဖုန်းဆိုရင်လည်း ၃၅ သိန်းကနေ သိန်း ၅၀ အထိ ဈေးပေါက်ခဲ့တာကြောင့် “လက်ကိုင်ဖုန်း ကိုင်နိုင်ရင် အကောင်ပဲ” ဆိုတဲ့ ခေတ်တစ်ခေတ်လည်း ရှိခဲ့ပါတယ်။ ဖုန်းတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် စကား ပြောဖို့လောက်သာ အသုံးဝင်ခဲ့တဲ့ ဖုန်းတွေ ဖြစ်ခဲ့ပေမယ့် နိုင်ငံတကာ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ဈေးများခဲ့တဲ့ ခေတ်တစ်ခေတ်ပါပဲ။

၂၀၁၀ ခုနှစ်အတွင်မှာ ဖုန်းကဒ်တွေ ၂၅၀၀ ကျပ်တည်းနဲ့ ရောင်းချနိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ကြေငြာချက်ဟာ လူတွေ စိတ်ဝင်စားမှုအများဆုံး သတင်းတစ်ခုဖြစ်ခဲ့ပြီး အိမ်မက်လား တစ်ကယ်လားဆိုပြီး မေးခွန်းထုတ်ခဲ့ကြရတဲ့အထိ မြန်မာ့မိုဘိုင်းဖုန်းနဲ့ အင်တာနက် သမိုင်းစာ မလှပခဲ့ပါဘူး။

၂၀၁၀ ခုနှစ်အလွန်မှာတော့ မြန်မာ့ အင်တာနက်နဲ့ မိုဘိုင်းဖုန်းခေတ်ဟာ သမိုင်းစာမျက်နှာသစ်အဖြစ် ပေါ်ပေါက်ခဲ့လာခဲ့ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT ကနေ ဖုန်းကဒ်တစ်ခုကို ကျပ်နှစ်သိန်းနဲ့ ရောင်းချနေရာကနေ ကျပ် ၁၅၀၀ နဲ့ ဖုန်းကဒ်တစ်ကဒ် ဝယ်သုံးနိုင်တဲ့အထိ ဈေးလျော့ချလိုက်ရာက အင်တာနက်နဲ့ ဖုန်းဘိုင်းဖုန်းတို့ရဲ့ ခေတ်တစ်ခေတ် ဆန်းသစ်လာခဲ့တာပါ။

ဖုန်းဘိုင်းဖုန်းခေတ် ဆန်းသစ်တယ်ဆိုသော်ငြား အင်တာနက် သုံးဖို့ မဖြစ်နိုင်သေးဘဲ ဖုန်းပြောဖို့သည်ပင် လိုင်းမမိတဲ့ အခြေအနေတွေ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ ပြည်ပ ဆက်သွယ်ရေးအော်ပရေတာတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ အစိုးရက တင်ဒါခေါ်ခဲ့ပြီး Ooredoo နဲ့ Telenor တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံခွင့် ရရှိခဲ့ပါတယ်။

နည်းပညာအတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေ ဖြစ်တာနဲ့အညီ ဆက်သွယ်ရေးကွန်ယက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်ခဲ့ပြီး မြန်မာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ဖုန်းကိုယ်စီကိုင်နိုင်တဲ့ အခြေအနေအထိ တွန်းပို့နိုင်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တစ်ပါတည်းတွဲလျက် ပါလာခဲ့တာကတော့ အင်တာနက် ဝန်ဆောင်မှုပါ။ လူတစ်ဦးဟာ သိန်းကျော်တန် မိုဘိုင်းဖုန်းတစ်လုံး ကိုင်မယ်ဆိုရင် ဖုန်းပြောနိုင်ရုံမက ကမ္ဘာပတ်လေ့လာ၊ ဖတ်ရှုနိုင်တဲ့ အင်တာနက်လည်း သုံးလာနိုင်ပြီဖြစ်ပါတယ်။

ဒီမှာတင် လူတွေရဲ့ လူနေမှုဘဝ စတင်ပြောင်းလဲလာပါတယ်။ ပုံမှန် သတင်းစာဖတ်သူဟာ အင်တာနက်က တစ်ဆင့် ယုံကြည်ရတဲ့ သတင်းဌာနတွေဆီက သတင်းတွေ ဖတ်နိုင်ပြီး ဗဟုသုတ ရှာမှီးလိုသူက Google ကို တစ်ချက်နှိပ်လိုက်တာနဲ့ သိချင်တာ၊ ရှာချင်တာတွေ့နိုင်ပြီး Facebook အစရှိတဲ့ လူမှုကွန်ယက်တွေကလည်း အတော် ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းတွေကနေ ထောက်ပံ့ပေးနိုင်တဲ့ အင်တာနက် မြန်နှုန်းကတော့ ပုံမှန်နဲ့ 3G မြန်နှုန်းလောက်ပဲ ရှိခဲ့တာပါ။

အခုတော့ Ooredoo ကုမ္ပဏီရဲ့ မြန်နှုန်းအလွန်မြင့်တဲ့ 4G အင်တာနက် ကွန်ယက်စနစ်ကိုပင် မြန်မာနိုင်ငံသားများ သုံးနိုင်ကြပါပြီ။ Ooredoo ရဲ့ 4G အင်တာနက် ကွန်ယက်စနစ်ဟာ အင်တာနက်က ရုပ်သံတွဲတွေကိုပင် ပြတ်တောက်သွားခြင်းမရှိ၊ ရုပ်သံ ကြည်ကြည်လင်လင်နဲ့ ကြည့်နိုင်တဲ့အထိ အထောက်အပံ့ပေးပါတယ်။

ဒါ့အပြင် Ooredoo ဟာ အင်တာနက် သုံးသူတွေအတွက်  ပေါင်းကူးဒေတာ အစီအစဉ်နဲ့ မိတ်ဆက်ပေးထားပြီး ကျပ် ၅၀၀၀ ကို အင်တာနက် အသုံးပြုခွင့် 2G သုံးနိုင်ပါမယ်။ ကျပ် ၄၀၀၀ ဆိုရင် 3.5G သုံးလို့ရနိုင်ပြီး ကျပ် ၃၀၀၀၀ ဖိုးဆိုရင် 25G သုံးနိုင်ပါတယ်။ တစ်လအတွင်း ဒီ ဒေတာတွေ သုံးမကုန်ဘူးဆိုရင်လည်း ရှေ့လက်အထိ ဆက်ပြီးသယ်သွားနိုင်တာမို့ ပေါင်းကူးဒေတာလို့ ခေါ်ခြင်းပါပဲ။   မြန်မာနိုင်ငံက ဆက်သွယ်ရေး အော်ပရေတာ သုံးခုအနက် Ooredoo ရဲ့ ပေါင်းကူးဒေတာဟာ သုံးရအတန်ဆုံးလို့ ပြောရင်လည်း မမှားပါဘူး။ ဒါ့အပြင် အင်တာနက်နှေးလို့ စိတ်ညစ်နေသူတွေအတွက် Ooredoo ရဲ့ 4G အင်တာနက် ကွန်ယက်စနစ်က ဖြေရှင်းနိုင်ပါတယ်။

ဒါ့ကြောင့် ယခင်က သတင်းစာဝယ်ဖတ်တတ်သူဟာ မိုဘိုင်းဖုန်းတစ်လုံးရှိရင် ဘယ်နေရာ ဘယ်ဒေသမှာမဆို ဘာဖြစ်နေတယ်ဆိုတာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးရုံနဲ့ သိနိုင်ပြီး ယခင်က TV ရှေ့ ငုတ်တုတ်ထိုင်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်တတ်သူတွေဟာလည်း မိုဘိုင်းဖုန်းတစ်လုံးနဲ့ ကိုယ်ကြိုက်တတ်တဲ့ ရုပ်သံတွဲတွေကို အိတ်ကပ်ထဲထည့် သယ်သွားနိုင်တဲ့အထိ လူမှုဘဝတွေ ပြောင်းလဲလာခဲ့ပြီ ဆိုတာကတော့ သေချာခဲ့ပါပြီ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly