ဇွန် ၂၃ ။ ။ ပါကစ္စတန်အနောက်တောင်ပိုင်း Quetta မြို့တွင် ဇွန်လ ၂၃ ရက်က ရဲကားတစ်စီး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရပြီး အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုမှာ ယင်းမြို့ရှိ ရဲစစ်ဆေးရေးအရာရှိချုပ် ရုံးရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ခုထက်ထိတော့ ဒီဖြစ်စဉ်မှာ ၁၁ ဦး သေဆုံးပြီး အနည်းဆုံး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်" ဟု အရပ်ဘက်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖာရိဒ် အာမက်ဒ် က ပြောသည်။
သေဆုံးသူများထဲတွင် ရဲလေးဦးလည်း ပါဝင်ခဲ့ကြောင်းနှင့် အခြား ရဲသုံးဦးလည်း ဒဏ်ရာရသွားခဲ့ပြီး အခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
ယခုဖြစ်စဉ်တွင် ရဲကားကို ပစ်မှတ်ထားတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်းနှင့် မည်သည့်ဖောက်ခွဲရေးပစ္စည်းအသုံးပြုသွားသည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။