YOPE သူငယ်ချင်းတို့ မင်္ဂလာပါ။ ကျွန်တော်ကျော်နိုင်ပါ။ မကြာသေးခင်က လက်မထပ်ဘဲ အတူနေတဲ့အပေါ်ကို အရေးယူနိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒီဥပဒေကို လူငယ်တွေအနေနဲ့ သိရဲ့လား ဆိုတာနဲ့ ၊ ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လက်မထပ်ဘဲ အတူနေတာကို လူငယ်တွေ ဘယ်လိုမြင်လဲဆိုတာကို ကျွန်တော်သူငယ်ချင်းတွေကို လိုက်မေးကြည့်လိုက်ပါဦးမယ်။
ဥပဒေနဲ့ လူတစ်ယောက်ရဲ့ အခွင့်အရေးကို ပြဌာန်းတာကတော့ သိပ်မဖြစ်ဘူးလို့တော့ ကျွန်တော်ထင်တယ်။
အတူ ပေါင်းသင်းနေထိုင်တယ်ဆိုတာကိုတော့ ကျွန်မအနေနဲ့ ကန့်ကွက်ပါတယ်။
လက်မထပ်ဘဲ အတူနေတဲ့ ဥပဒေကိုတော့ မသိဘူး။ ဒါပေမယ့် ဒီသဘောတရားကြီးကိုတော့ လက်မခံနိုင်ဘူး။ ကြိုက်လည်းမကြိုက်ဘူး။
ညီမအနေနဲ့ကတော့ ဒီ လက်မထပ်တဲ့ အတူနေတဲ့ ဥပဒေကိုတော့ သေချာတော့မသိဘူး။ အခု လူငယ်တွေအနေနဲ့ လက်မထပ်ဘဲ အတူနေလို့ရှိရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်လို့တော့ ညီမအနေနဲ့ ထင်တယ်။
ဒါကတော့ နည်းနည်း စောင့်စည်းသင့်တယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ အဲဒီ ဥပဒေကိုလေ ဘယ်လိုပြောရမလဲ ရှင်းရှင်းပြောရရင် နားမလည်ဘူး။
ပြောင်းလဲလို့လည်း သိပ်မရတော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရော သူ့ပတ်ဝန်းကျင်မှာရော အဲဒါတွေက ရှိနေတော့လေ ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးပေါ့။
အဲလို ဥပဒေ ထုတ်ပြန်တယ်ဆိုရင်တော့ လူငယ်တွေကတော့ သိပ်ပြီးတော့ လက်ခံမယ်လို့တော့ မထင်ဘူး။
ကဲ လက်မထပ်ဘဲ အတူနေနေတဲ့အပေါ် လူငယ်တွေက သူတို့ရဲ့ အမြင်တွေကို ပြောပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ကလည်း ပြောပြချင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ YOPE Website မှာ လာပြီးတော့ Share ခဲ့ပေးပါဦး။