လှတောဒေသခံများ သီးနှံပျက်စီးမှု နိုင်ငံတော်ထောက်ပ့ံကြေးမရခဲ့

လှတောဒေသခံများ သီးနှံပျက်စီးမှု နိုင်ငံတော်ထောက်ပ့ံကြေးမရခဲ့

ဝက်လက်၊ ဇွန် ၁၈ ။            ။ သီးနှံပျက်စီးမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာဒေသခံများ မရရှိခဲ့ကြောင်း လှတောကျေးရွာဒေသခံများထံက စုံစမ်းသိရှိရသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့သောကြောင့် သီးနှံစိုက်ပျိုးထားသော လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်မှ ထာက်ပံ့ကြေး ပေးအပ်ခဲ့သည်။

သို့သော် ဒေသခံများအား ထောက်ပံ့ကြေးမရရှိခဲ့ဘဲ ချန်လှပ်ခြင်းခံခဲ့ရကြောင်း စိုက်ပျိုးရေးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးသို့ သွားရောက်မေးမြန်းခဲ့ သော်လည်း ခိုင်မာသောဖြေရှင်းချက်မရခဲ့ကြောင်း လှတောဒေသခံ မစန္ဒာအေးက ပြောသည်။

" ထောက်ပံ့ကြေးမရတာ ဒေသခံ ၃၅ ဦးရှိတယ်။ ဧကအမှန် မရတာတွေရော၊  လုံးဝမရတာတွေရော ပါတယ်" ဟု ၎င်းက ပြောသည်။

ဝက်လက်မြို့နယ် လှတောကျေးရွာတွင် လှတောကွင်း၊ဆင်းမကွင်း၊ မောက်ကျိုးကွင်း၊ ပင်စင်းကွင်း တို့ရှိပြီး ထောက်ပံ့ကြေးထုတ်ပေးရာတွင် ကွင်းအလိုက်ပေးအပ်ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ျဒါ်ခင်မြင့်မြတ်က ပြောသည်။

"သီးနှံပျက်စီးတဲ့ ဧက ၅၀၀ အတွက် သိန်း ၅၀ ကို တောင်သူလက်ဝယ်ပေးအပ်ခဲ့ပါတယ်။ ကျန်ရှိခဲ့တဲ့တောင်သူတွေအတွက် ထောက်ပံ့ကြေးထပ်မံပေးအပ်ဖို့ တင်ပြထားပါတယ်" ဟု ၎င်းကပြောသည်။

စပါးစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစပါး ၂ တင်းပျိုးထောင်ရပြီး ကုန်ကျစရိတ်မှာ စုစုပေါင်း ကျပ်တစ်သိန်းခွဲအထိ ကုန်ကျကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly