၂၉ ထပ်အမြင့်ရှိ စပိန်ဟိုတယ်တစ်ခုပေါ် ကြိုးမပါဘဲ အလွတ်တက်ပြခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား

၂၉ ထပ်အမြင့်ရှိ စပိန်ဟိုတယ်တစ်ခုပေါ် ကြိုးမပါဘဲ အလွတ်တက်ပြခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား

ဇွန် ၁၅ ။               ။ ပြင်သစ် ပင့်ကူလူသား လို့ သိကြတဲ့ အမြင့်တက်သမား Alain Robert ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က စပိန်နိုင်ငံ ဘာစီလိုနာမြို့က အထပ်ပေါင်း ၂၉ ထပ်ရှိ ဟိုတယ်တစ်လုံးပေါ်ကို မိနစ် ၂၀ အတွင်း တက်ပြသွားနိုင်ခဲ့ပါတယ်။ သူဟာ ယခုကြိုးပမ်းမှုမှာ ကြိုးမပါဘဲ လက်ချည်းသက်သက်နဲ့ တက်ရောက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၅၄ နှစ်ရှိ Robert ဟာ အမြင့် ၁၁၄ မီတာ (၃၇၄ ပေ) ရှိတဲ့ Melia Barcelona Sky Hotel ပေါ်ကို Safety ဆိုင်းကြိုးမပါဘဲ အလွတ်တက်သွားခဲ့တာဖြစ်ပါတယ်။

Robert ဟာ အဆိုပါ အထပ်မြင့်အဆောက်အအုံ ခေါင်းမိုးထိပ်ပေါ်ကို မိနစ် နှစ်ဆယ်တည်းနဲ့ အရောက်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ဟိုတယ်ထိပ်ဆုံးကို ရောက်သွားတဲ့အတွက် သူ့ကို ရဲက လာရောက်မေးမြန်းခဲ့ပေမယ့် အရေးမယူဘဲ ပြန်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ပြင်သစ်နိုင်ငံသား အလွတ်တန်းအမြင့်တက်သမားဟာ ယခင်ကလည်း ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတွေပေါ် တက်ခဲ့ဖူးပြီး တက်တိုင်းလည်း ကြိုးမပါဘဲ အလွတ်တက်ခဲ့တာများသလို တစ်ခါတစ်ခါ ခွင့်ပြုချက်တောင် မတောင်းဘဲ တက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly