အခွန် ယူရို ၁၄.၇ သန်း တိမ်းရှောင်မှုနဲ့ ရော်နယ်လ်ဒို တရားစွဲခံရ

အခွန် ယူရို ၁၄.၇ သန်း တိမ်းရှောင်မှုနဲ့ ရော်နယ်လ်ဒို တရားစွဲခံရ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုကို အခွန် ယူရို ၁၄.၇ သန်း ရှောင်တိမ်းမှုဖြင့် တရားစွဲဆိုလိုက်တယ်လို့ မက်ဒရစ်ရှိ တရားသူကြီးရုံးက ဇွန် ၁၃ ရက်၊ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

"၂၀၁၁ နှင့် ၂၀၁၄ အကြား ပြည်သူဘဏာကို ဆန့်ကျင်တဲ့ အခွန်လိမ်လည်မှု ယူရို ၁၄,၇၆၈,၈၉၇ (ဒေါ်လာ ၁၆.၅ သန်း/ပေါင် ၁၂.၉ သန်း) ပါဝင်ပတ်သက်တဲ့ အမှု ၄ မှုနဲ့ ပေါ်တူဂီကစားသမားကို တရားစွဲဆိုထားတယ်"လို့ စပိန်တရားသူကြီးရုံးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူပဲ မက်ဆီနှင့်ဖခင်ဖြစ်သူဟာ ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ယူရို ၄ ဒသမ ၁ သန်း (ပေါင် ၃ ဒသမ ၅) သန်းအခွန်တိမ်းရှောင်မှုဖြင့် စွဲချက် ၃ ခုနဲ့ ဘာစီလိုနာတရားရုံးမှာ ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

ဒါပေမယ့် စပိန်ဥပဒေအရ နှစ်နှစ် အောက်နည်းတဲ့ ပြစ်ဒဏ်ဖြစ်နေတဲ့အတွက် မက်ဆီနှင့် ဖခင် ဂျော့တို့မှာ ပြစ်ဒဏ်ကျူးလွန်ဖူးသူများမဟုတ်တာကြောင့် ထောင်ထဲမှာ နေထိုင်ရမှာမဟုတ်ဘဲ ပြင်ပမှာသာ ထိန်းထိန်းသိမ်းသိမ်းနေနိုင်ကြမှာဖြစ်ပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly