၂၀၀၅ က ချီးမြှင့်ခဲ့သောဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

၂၀၀၅ က ချီးမြှင့်ခဲ့သောဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုဆောင်ရွက်မှုများအတွက် ၂၀၀၅ ခုနှစ်က ချီးမြှင့်သောဆုကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ Olof Palme Memorial Fund မှချီးမြှင့်ခဲ့သည့် Olof Palme Prize ဆုကို  ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန Gustav Adolfs Torg 1 ခန်းမတွင် ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် လက်ခံရယူခဲ့သည်။

အဆိုပါဆုသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို  ဂုဏ်ပြုသောအားဖြင့် ၂၀၀၅ ခုနှစ်တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၁၂ နှစ်အကြာတွင် လက်ခံရရယူခဲ့ခြင်း ဖြစ်သည်။

Olof Palme Prize ဆုကို စိတ်ပိုင်းဆိုင်ရာ ထူးချွန်သူများကို ချီးမြှင့်ခဲ့ပြီး ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလက ထူထောင်ခဲ့ကာ ဆုတွင် ဒီပလိုမာနှင့် ဒေါ်လာ ၇၅၀၀၀ ပါဝင်သည်။

ဆွီဒင်နိုင်ငံသို့ ၂ ရက်တာကာလ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွီဒင်ဝန်ကြီးချုပ် စတီဖန်လိုဗန် နှင့် ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံအကြားက ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

" ဒေါ်အောင်ဆန်းစုကြည် ကနေ့ ရောက်ရှိလာတာဟာ ဂုဏ်ယူစရာပါပဲ။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဒီမိုကရေစီအကြောင်း ဆွေးနွေးပြောခဲ့ကြတယ်" လို့ ဆွီဒင်ဝန်ကြီးချုပ်က တွစ်တာတွင်ရေးသားထားသည်။

ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မစ္စ Margot Wallstrom နှင့် စတော့ဟုမ်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး အရေးကြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေ၊ လူ့အခွင့်အရေး ၊ ရာသီဥတုဂေဟစနစ်၊ လုံခြုံရေးဆိုင်ရာတွေအပါအဝင် ဆွေးနွေးခဲ့ကြပါတယ်" ဟု ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မစ္စ Margot Wallstrom က တွစ်တာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly