တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း ၁၂ လောင်း ယနေ့ မီးသင်္ဂြိုလ်ပြီးစီး

တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း ၁၂ လောင်း ယနေ့ မီးသင်္ဂြိုလ်ပြီးစီး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဇွန် ၁၂ ။            ။ ယနေ့ ညနေပိုင်းတွင် အမျိုးအမည်ထပ်မံခွဲခြားနိုင်သည့် ရုပ်အလောင်း ၆ လောင်းအား ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသချိၤုင်း၌ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့် အညီ ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇွန်လ ၁၁ ရက်၊ ညနေ ၅ နာရီခန့်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ရုပ်အလောင်း ၁၂ လောင်း မီးသြင်္ဂိုလ်ခဲ့သည်။

ယခု အချိန်ထိ တပ်မတော်သားအရာရှိ ရုပ်အလောင်း ၄ လောင်းနှင့် စစ်သည်ရုပ်အလောင်း ၉ လောင်းအပါအဝင် အမျိုးသားရုပ်အလောင်း ၁၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁၆ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်းရုပ်အလောင်း ၃၅ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ သဂြိၤုလ်ပေးခဲ့ပြီးဖြစ်သည် ဟု သိရသည်။

ဇွန်လ ၁၁ ရက် မနက်ပိုင်းက ရုပ်အမည် ခွဲခြားရသော ရုပ်အလောင်း ၆ လောင်း သဂြိၤုလ်ပေးခဲ့ပြီး ယခုညနေပိုင်းတွင် ရုပ်အလောင်း ၆ လောင်း ထပ်မံသြင်္ဂိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့  ညနေ ၄ နာရီခွဲတွင် လောင်းလုံဘုတ်ကျွန်းအနီး၌ တပ်မတော်စစ်ရေယာဉ်မှ အမျိုးသား ရုပ်အလောင်း ၁ လောင်း၊ မရင်းကြီးကျေးရွာအနီး မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ယနေ့ ညနေ ၅နာရီ ၄၅ မိနစ်အထိ  ရုပ်အလောင်း ၂၄ လောင်း ရှာဖွေတွေ့ရှိ ဆယ်ယူ နိုင်ခဲ့ပြီး စုစုပေါင်းရုပ်အလောင်း ၈၃ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly